/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ပင်းနဲ့-ဇက်ကြောတွေ-နာနာနေတတ်တာ-ဘာကြောင့်လဲ

လည်ပင်းနဲ့ ဇက်ကြောတွေ နာနာနေတတ်တာ ဘာကြောင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မကြာခဏ ဇက်ကြောထိုးတတ်သူတွေ၊ ဂုတ်ကြောတင်းနေတတ်သူတွေ ဇက်နာနေတတ်သူတွေအတွက် အကြောင်းရင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ မိမိမှရွေးပြီး ဖြစ်တယ်လို့ စိတ်မချမ်းမသာဖြစ်နေမယ့်အစား ဘာကြောင့်ဖြစ်တာများလဲ ဆိုတာတွေကို ရှာဖွေစဉ်းစားကြည့်ရင် မကောင်းဘူးလား။

●        အဆစ်ရောင်တာက လည်ပင်းရိုးနှစ်ခုကြားက အရိုးနုလေးတွေ ရောင်တာ

●        အရိုးကျွံကျပြီး အာရုံကြောပိနေခြင်း

●        ကျောရိုးမအတွင်း မြောင်းလေးကျဉ်းလာခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။

          ကြွက်သားတွေတင်းပြီး နာလာတာက ခဏခဏကနေ အကြာကြီး ဖြစ်တတ်သလို စွဲဖြစ်နေတတ်တာလည်း ရှိပါတယ်။ ခုနကပြောတဲ့ အရိုးရောင်တာတွေ၊ အာရုံကြောနာတာတွေဖြစ်တဲ့အခါ ဆက်စပ်ကြွက်သားတွေပါ အလွန်တင်းပြီး နာလာတတ်တာ ဖြစ်ပါတယ်။

          ကိုယ်နေဟန်ထား မမှန်ကန်ခြင်း အိပ်ရာထစမှာ အုန်းလွဲတာမျိုး လည်ပင်းတစ်ဖက်ကို လှည့်မရတာမျိုး ခေါင်းအုံးအနိမ့်အမြင့်ပုံစံ လိုအပ်မှုတွေကြောင့် ကြွက်သားနဲ့ အရွတ်တွေ နာလာရောင်လာပြီး လှုပ်ရှားမှု မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

 

>>    အနေအထားတစ်ခုတည်း အကြာကြီးထားရင်

          ဥပမာ …

●        အကြာကြီးငုံ့နေတာ မော့နေတာ

●        ရှေ့ကိုကုန်းပြီး ထိုင်တာ

●        စားပွဲနဲ့ ကုလားထိုင် အချိုးမကျတာ

●        ဖုန်းအကြာကြီးပြောတာ နားရွက်နဲ့ ပခုံးကြားညှပ်ပြီး

●        အိပ်ရာပေါ်မှာ စာဖတ်တာ

●        ကုလားထိုင် နိမ့်လျှောပေါ်မှာ အကြာကြီး အိပ်ပျော်သွားတာတွေရှိတဲ့အခါ ပိုဆိုးစေပါတယ်။

          ဒီတော့ မကြာခဏ လည်ပင်း နဲ့ ခေါင်းအနေအထားကို တသမတ်တည်းမထားပဲ ပြင်ပါ။

          ခေါင်းကို တစ်ဖက်ကနေ တစ်ဖက် ဖြည်းညင်းစွာလှည့်ပြီး အညောင်းဆန့်ပါ။

          ဂုတ်သားလေးတွေကို မိမိလက်နဲ့ အသာအယာ နှိပ်နယ်ပေးပါ။

 

>>    အားကစားလုပ်နေရင်း ဂုတ်ကြောတွေသိပ်နာလာရင်

●        ရေနွေးဝတ် ကပ်ပါ။

●        လေ့ကျင့်ခန်းကို ပမာဏလျှော့ချပါ။

●        အကြောဆန့်ထုတ်ပါ။

●        ပက်လက်လှန်ပြီး အသက်ဝဝ ရှူပစ်ပါ။

          လည်ပင်းနဲ့ဂုတ်တွေ တင်းတဲ့နာတဲ့အခါ စိတ်ထဲမှာသိရမှာက ငါ့မှာ ကြွက်သားတွေ ရောင်နေနာနေပြီ။ အနားယူရမယ်။ ဖြေလျှော့ရမယ်ဆိုတာပါပဲ။

          ဆီနည်းနည်းသုံးပြီး လက်နဲ့အသာအယာ ပွတ်ဆွဲနှိပ်နယ်ပေးတာကလည်း အလွန်ထိရောက်ကောင်းမွန်တဲ့ အနာသက်သာဆေးပါ။

●        လုံးဂမသက်သာဘူး၊ ထုံနာ ကျဉ်နာတွေပါ ဖြစ်မယ်။

●        ခေါင်းမူးမယ်။

●        လှည့်လို့မရဘူး။

●        ခေါင်းလေးနေတာတွေပါ တွဲမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသကြဖို့ အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)