လည်ပင်းနဲ့ ဇက်နေရာတွေ နာကျင်ခြင်းဖြစ်စေတဲ့ ရှားရှားပါးပါးရောဂါများ
လည်ပင်းနဲ့ ဂုတ်သားတွေကို နာကျင်မှုတွေ ခံစားရစေတဲ့ ရှားရှားပါးပါး အရေပြားရောဂါတွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
● လည်ပင်းနာတယ်ဆိုလို့ အကြောအဆစ်နဲ့ အရွတ်ရောဂါတင် ဖြစ်တတ်တာ မဟုတ်ပါဘူး။ လည်ပင်းနဲ့ ဆက်စပ်နေတဲ့ ပခုံး၊ ရင်ဘတ်အထက်ပိုင်း စတာတွေမှာ ရေယုန်ပေါက်ရင်လည်း လည်ပင်း တင်းကြပ်ပြီး အလွန်နာတတ်ပါတယ်။ ဒါ့အပြင် မွေးကျွတ်နာ အရေပြားနာတွေကလည်း လည်ပင်းကြွက်သားတွေကို တင်းမာနာကျင်မှု ဖြစ်စေပါတယ်။
● ဘွန်ဟွန်းရောဂါလို့ခေါ်တဲ့ ရင်ဘတ်နဲ့ အဆုတ်တွေမှာ ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုးကလည်း လည်ပင်းကြွက်သားတွေ နာတာ၊ လှုပ်ရှားလှည့်တဲ့အခါ နာတာတွေ ဖြစ်စေပါတယ်။ မောတာ၊ ချောင်းဆိုးတာတွေအပြင် လည်ပင်း လှုပ်ရှားတိုင်းနာနေရင် ဒီရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြား အကွက်တွေထ ကြွက်သားတွေ နာတတ်တဲ့ တုပ်ကွေးတစ်မျိုးပေါ့။
● အကျက်လိုတဲ့ဝက်သားကို စားတဲ့အခါ သေချာမကျက်တဲ့ အသားတွေ စားတဲ့အခါ ထရိုင်ခီနိုးစစ်ရောဂါလို့ခေါ်တဲ့ ကပ်ပါးရောဂါတစ်မျိုး ရတတ်ပါတယ်။ ဒီရောဂါဟာ လည်ပင်းနဲ့ တခြားကြွက်သားတွေကို အကြီးအကျယ် နာကျင်မှု ဖြစ်စေပါတယ်။
● နားထင်က သွေးလွှတ်ကြောမကြီးတစ်ခု ရောင်တဲ့အခါ အပြင်းအထန်ဖျား ခေါင်းကိုက် ခေါင်းအရေပြားတွေ နာမယ်။ မျက်လုံးတွေ ဝါးမယ်။ ဒါ့အပြင် လည်ပင်းမှာပါ လှုပ်ရှားတိုင်း နာကျင်လာတတ်ပါတယ်။
● လည်ပင်းက ပြန်ရည်ကျိတ်တွေရောင်ရင်လည်း နာတတ်ပါတယ်။ ရောဂါပိုးတစ်ခုခုကြောင့် အစေ့လေးတွေ ရောင်တဲ့အခါ လည်ပင်းနာပါတယ်။
● အာရုံကြောတွေ နာတဲ့အခါ ရောင်တဲ့အခါ လည်ပင်းတွေ အရမ်းနာပါတယ်။ ပခုံးနဲ့ လက်မောင်းမှာ ပြင်းထန်စွာ နာကျင်မှုတွေ ဖြစ်စေတဲ့အပြင် ဆက်စပ်နေတဲ့ လည်ပင်းနေရာကို နာကျင်စေတတ်တာမျိုးပါ။
● လည်ပင်းက သိုင်းရွိုက်အကျိတ်ရောင်ရင်လည်း လည်ချောင်း နာလာတတ်ပါတယ်။ ကိုယ်အလေးချိန် တိုးလာတာ နုံးချိတာ၊ စိတ်ကျတာ၊ ကာလရှည်ကြာ ဝမ်းချုပ်နေတာတွေ ကြုံခဲ့ရင် သိုင်းရွိုက်ပြဿနာတွေကို စုံစမ်းရှာဖွေဖို့ ဖြစ်ပါတယ်။
● လည်မျိုရဲ့နောက်မှာ အရိုးအတက်လေးတစ်ခု ရှိပါတယ်။ အကြောင်းတခုခုကြောင့် အရိုးအတက်လေး ရောင်တဲ့အခါ လည်ပင်းနောက်ကနေ တစ်ခုခုနဲ့ ထိုးနေသလို ခံစားရပါတယ်။ မေးစေ့နဲ့ လည်ပင်းတစ်လျှောက်မှာ ဆူးနဲ့ထိုးသလို အရမ်းနာလာတတ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























