/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လန်းဆန်းကျန်းမာဖို့-မနက်အိပ်ရာနိုးချိန်-သောက်သင့်တဲ့ဖျော်ရည်များ

လန်းဆန်းကျန်းမာဖို့ မနက်အိပ်ရာနိုးချိန် သောက်သင့်တဲ့ဖျော်ရည်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ဟာ ညဘက်အိပ်စက်နေစဉ် ၇ နာရီ၊ ၈ နာရီလောက်ဟာ ရေ မသောက်မိကြပါဘူး။ ဒါကြောင့် မနက်နိုးထချိန်မှာ ကိုယ်ခန္ဓာရှိ ရေဓာတ်ဟာ နည်းပါးနေတတ်တဲ့အတွက် အိပ်ရာထချိန်မှာ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
ရေကို ဒီအတိုင်းကြီး မသောက်ဘဲ အနံ့အရသာလေးတွေပါဝင်မှ သောက်ချင်သူတွေအတွက် သကြားများတဲ့ အချိုရည်တွေအစား ကျန်းမာစေဖို့ ကူညီပေးမယ့် ဖျော်ရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  စပါကလင်နှင့် အုန်းရည်
●  စပါကလင်ဟာ စိတ်ကို ကြည်လင်စေပါတယ်။ တတ်နိုင်သမျှ သကြားနည်းသော စပါကလင်ကို ရွေးချယ်ပါ။
●  အုန်းစိမ်ရည်ဟာလည်း ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါတဲ့အပြင် အချိုဓာတ်ပါဝင်မှုနည်းလို့ မနက်တိုင်း သောက်သင့်ပါတယ်။

(၂)  Green Tea ရေနွေးကြမ်း
●  Anti-oxidants တွေ များစွာပါဝင်တာမို့ ကင်ဆာနှင့် အခြားရောဂါတွေကို ကာကွယ်ပေးလို့ နေ့စဉ်သောက်ပေးသင့်ပါတယ်။

(၃)  အသီးအရွက်ဖျော်ရည်များ
●  အစိမ်းရောင်အရွက်များ၊ သံဓာတ်ကြွယ်ဝသောဟင်းရွက်များ၊ သစ်သီးများကို ဖျော်ရည် ဖျော်သောက်ခြင်းဟာလည်း စိတ်ကို ကြည်လင်စေပြီး ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၄)  အစာအိမ်ကျန်းမာရေးအတွက် ချင်းရေနွေးကြမ်းနှင့် ရှားစောင်းလက်ပတ်ဖျော်ရည်
●  လတ်ဆတ်စွာ ကြိတ်ထားသောချင်း လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ကို ရေနွေးပူပူတစ်ခွက်တွင်ထည့်ပြီး ၅ မိနစ်ခန့် နှပ်ထားပေးပါ။
●  ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်တစ်ဇွန်းနှင့် ရောစပ်ပြီး ရေအေးနှင့် ဖျော်သောက်နိုင်ပါတယ်။

(၅)  ညက သောက်ထားသမျှ မနက်ခင်း အရက်နာကျသူတွေအတွက် ခရမ်းချဉ်သီးဖျော်ရည်
●  ရေဓာတ် ကြွယ်ဝသော ခရမ်းချဉ်သီးဟာ အရက်နာကျခြင်းကို သက်သာစေမယ့်အပြင် ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။ မွှေစက်ထဲမှာ ထည့်ပြီး ဖျော်သောက်နိုင်သလို ရေအေးထဲတွင် ခရမ်းချဉ်သီးအကွင်းလေးများ စိမ်ထားပြီးလည်း သောက်သုံးနိုင်ပါတယ်။

(၆)  ကြက်စွပ်ပြုတ်ရည်
●  ဗီတာမင်နှင့် အာဟာရဓာတ်တွေ ပြည့်ဝစေပြီး ကိုယ်ခံအားကောင်းမွန်စေဖို့ မနက်အိပ်ရာထချိန်မှာ သောက်သုံးသင့်ပါတယ်။

မနက်ခင်းနိုးတဲ့အချိန်မှာ သကြားများသောအချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ ဆိုဒါရည်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)