လုပ်ငန်းခွင်မှာရောဂါကင်းဝေးစေဖို့
အေးပြီးစိုစွတ်တဲ့ရာသီတွေမှာ အဖြစ်များတဲ့ အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကူးစက်မှုကိုလျော့ကျစေဖို့အတွက် ဝန်ထမ်းတွေအနေနဲ့ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိဖို့ အရေးကြီးပါတယ်။
အအေးမိ၊ တုပ်ကွေးစတဲ့ ကူးစက်တတ်တဲ့ရောဂါတွေက လူတစ်ယောက်နဲ့တစ်ယောက်တိုက်ရိုက်ထိတွေ့တာမဟုတ်ဘဲ ရောဂါဖြစ်နေတဲ့သူရဲ့ပတ်ဝန်းကျင် (သို့) အသုံးအဆောင်တွေကိုထိတွေ့ရင်တောင်ကူးစက်နိုင်တဲ့အတွက်ကြောင့် ကူးစက်နိုင်ဖို့က ပိုလွယ်ပါတယ်။
ဒါပေမယ့်လည်း လက်ကိုစနစ်တကျပုံမှန်ဆေးကြောခြင်းလိုမျိုး ရိုးရှင်းတဲ့နည်းလမ်းလေးတွေက ဒီရောဂါတွေရဲ့ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ပေးပါတယ်။
ဖုန်း၊ လက်ကိုင်အိတ်၊ ကွန်ပျူတာ စတဲ့အသုံးအဆောင်ပစ္စည်းတွေဟာ လက်တွေနဲ့ပုံမှန်ထိတွေ့နေရတဲ့အတွက် ဒါတွေကနေလည်း ရောဂါပျံ့နှံ့နိုင်ချေများပါတယ်။
ထိတွေ့မိတာကြောင့်ကူးစက်နိုင်တဲ့ ရောဂါတွေရဲ့ 80% လောက်နဲ့အတူ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက မျက်နှာပြင်အမာတွေပေါ်မှာ အချိန်ကြာကြာနေနိုင်တဲ့အတွက် ရုံး၀န်ထမ်းတွေအနေနဲ့ ပိုသတိထားပြီးတော့ မိမိရဲ့ လက်တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ပုံမှန်သန့်စင်ပေးဖို့လိုတာပါ။
သုတေသနအရ လက်ကိုစနစ်တကျပုံမှန်ဆေးကြောခြင်းကနေပြီးတော့ ရောဂါကူးစက်မှု 47% ကိုလျှော့ချနိုင်ပြီးတော့ ဒါက လုပ်ငန်းခွင်မှာ ရောဂါကူးစက်ပျံ့နှံ့တာကိုကာကွယ်ဖို့ရာအတွက် အရိုးရှင်းဆုံးနည်းလမ်းပါပဲ။
Vicee 1

♦ ရောဂါကူးစက်ပျံ့နှံ့နိုင်ချေကို လျော့ကျစေဖို့
ဗိုင်းရပ်စ်ပိုးတွေရဲ့ ပျံ့နှံ့နိုင်ချေကိုလျော့ကျစေဖို့ဆိုရင် လက်ကိုစနစ်တကျဆေး၊ အခြောက်ခံပြီးရင် hand sanitizer (လက်သန့်စင်ဆေးရည်) ကိုသုံးပေးပါ။
အအေးမိတုပ်ကွေးဖြစ်နေတဲ့ လူနာတစ်ယောက် (သို့) ဧည့်သည်တစ်ယောက်လာပြီးသွားပြီဆိုရင် လူအများထိတွေ့တဲ့နေရာတွေ၊ အသုံးပြုတဲ့နေရာတွေကို သေချာသန့်ရှင်းပေးပါ။ သူနေသွားတဲ့နေရာကိုလည်း နောက်တစ်ခါမသုံးခင်မှာ သေချာပိုးသတ်ပေးသင့်ပါတယ်။
♦ ရောဂါကူးစက်မှုကိုရပ်တန့်နိုင်မယ့် နည်းလမ်း ၆ ခု
1.ဝန်ထမ်းတွေအားလုံးကို ဆပ်ပြာနဲ့ ပုံမှန်စနစ်တကျလက်ဆေးဖို့တိုက်တွန်းပါ။ လက်ဆေးတဲ့အခါမှာ ၃၀ စက္ကန့်လောက် ဆေးကြောပေးသင့်ပါတယ်။
2.ဝန်ထမ်းတွေကို လက်ဆေးဖို့ လက်သုတ်ဖို့ အားပေးတာအပြင် လက်သန့်စင်ဆေးရည်တွေကိုလည်း လူသုံးများတဲ့နေရာတွေ၊ public areas တွေမှာထားပေးသင့်ပါတယ်။
3.မျက်နှာပြင်တွေကိုလည်း ပုံမှန်သေချာသန့်ရှင်းရေးလုပ်ပေးပါ။ မမြင်နိုင်ဘဲဖုံးကွယ်နေတဲ့ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေသန့်စင်အောင် လုံးဝနှိုက်နှိုက်ချွတ်ချွတ်သန့်ရှင်းရေးကို အနည်းဆုံးတော့ တစ်နှစ်၂ ကြိမ်လောက်လုပ်သင့်ပါတယ်။
4.ဝန်ထမ်းထဲကတစ်ယောက်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် တခြားသူတွေကို မကူးစက်စေဖို့အတွက် ရောဂါလက္ခဏာတွေပျောက်ပြီး အနည်းဆုံး ၄၈ နာရီကြာအထိ အလုပ်မလာခိုင်းသင့်ပါတယ်။
5.ပစ္စည်းတွေသိုလှောင်သိမ်းဆည်းတဲ့အခန်းတွေ၊ အစားအသောက်ဆိုင်တန်းတွေ၊ အဝတ်လဲခန်းတွေကိုလည်း ပိုးသတ်ဆေးတွေ၊ သန့်စင်ဆေးရည်တွေနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။
6.တကယ်လို့ ၀န်ထမ်းတွေ တစ်ယောက်ပြီး တစ်ယောက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီဆိုရင်တော့ မန်နေဂျာတွေအနေနဲ့ ကျွမ်းကျင်တဲ့သူတွေနဲ့ ဆက်သွယ်ပြီးတိုင်ပင်ဖို့လိုပါတယ်။ ကျွမ်းကျင်သူတွေအကြံပေးတဲ့အတိုင်း သေချာလိုက်နာပြီးတော့ ပိုးသတ်ဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Vicee 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























