/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လုပ်ငန်းခွင်မှာ-ခါးနာတဲ့အခါ

လုပ်ငန်းခွင်မှာ ခါးနာတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လုပ်ငန်းခွင်မှာ ခါးနာတာဟာ အဖြစ်များတဲ့ ပြဿနာတစ်ရပ်ပါ။ ခါးနာတဲ့အခါ အာရုံစိုက်ဖို့ခက်လို့ အလုပ်တွေ မပြီးမြောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ခါးနာတာကို သက်သာအောင်လုပ်ပေးဖို့၊ မဖြစ်အောင် ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။

>>  ဘာကြောင့် လုပ်ငန်းခွင်မှာ ခါးနာရတာလဲ?
●  နောက်ကျောကြွက်သားတွေကို အားအရမ်းသုံးပြီးလုပ်တာ (ဥပမာ - အလေးအပင်မတာ)
●  လှုပ်ရှားမှုတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်မိနေတာ
●  ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ ပုံစံမှန်ကန်မှုမရှိတာ
●  ကုလားထိုင်မှာပဲ အမြဲလိုလို ထိုင်နေတာ၊ အထူးသဖြင့် နောက်ကျောမှီမပါဘဲ အချိန်ကြာကြာထိုင်တာ
အစရှိတဲ့ လုပ်ငန်းခွင်ထဲမှာကြုံတွေ့နေရတဲ့ ဒီလိုအကြောင်းအရာတွေက ခါးနာစေနိုင်ပါတယ်။

Alaxan IA (1)

>>  ဒါတွေကို ကာကွယ်ဖို့အတွက်
●  အလုပ်လုပ်တဲ့အခါ ပုံစံမှန်မှန်လေး ထိုင်ပေး၊ မတ်တပ်ရပ်ပေးပါ။
●  အလေးအပင်မတဲ့အခါမှာလည်း ခါးကုန်ပြီးမတာမျိုးမလုပ်ဘဲ အရင်ဆုံး ဒူးကွေးထိုင်ချလိုက်ပြီး ပစ္စည်းကိုမပြီးမှ ပြန်ထပါ။ အလေးအပင်မထားတဲ့အချိန်မှာ ခါးစောင်းတာ၊ ခါးလှည့်တာမျိုး မလုပ်ပါနဲ့။ အရမ်းလေးတဲ့ပစ္စည်းတွေကို တစ်ယောက်တည်း မ,မပါနဲ့။
●  မလိုအပ်ဘဲ ကုန်းကွတာ၊ ခါးစောင်းတာမျိုးကို ရှောင်ကြဉ်ပါ။ ခါးကို အသုံးပြုပြီး ထပ်တလဲလဲလုပ်ရမယ့်အလုပ်တွေ (ဥပမာ - ခါးကုန်းတာ၊ ခါးစောင်းတာ) ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
●  ထိုင်တာ အချိန်ကြာလာပြီဆိုရင် ပုံစံပြောင်းထိုင်ပေးတာ၊ လမ်းထလျှောက်တာ၊ အကြောလျှော့တာမျိုးကို ပြုလုပ်ပေးပါ။

Alaxan IA (2)

>>  ဒါ့အပြင် ခါးနာတာ သက်သာစေဖို့အတွက်
●  ကျန်းမာရေးညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်တာ
●  ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ
●  တစ်ပတ်ကို အနည်းဆုံး အသင့်အတင့်လေ့ကျင့်ခန်းကို (၁၅၀) မိနစ်လောက် (သို့မဟုတ်) ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းကို (၇၅) မိနစ်လောက် ပုံမှန်လုပ်ပေးတာ
အစရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။
ခါးနာနေချိန်မှာ သက်သာစေဖို့အတွက် Alaxan လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်သုံးပေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)