/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လုပ်ငန်းခွင်မှာ-ပျော်ရွှင်စေဖို့

လုပ်ငန်းခွင်မှာ ပျော်ရွှင်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လုပ်ငန်းခွင်မှာ ပျော်ရွှင်ကျန်းမာဖို့ဆိုတာ အလုပ်တစ်ခု ကောင်းကောင်းမွန်မွန်ပြီးမြောက်ဖို့ အရေးအကြီးဆုံး အရာတစ်ခုပါပဲ။ ဝန်ထမ်းတွေ ဘယ်အချိန်မျိုးမှာ နာမကျန်း၊ နေမကောင်း ဖြစ်လာတတ်လဲဆိုရင် အလုပ်ချိန်တွေများပြီး ဖိစီးလာတဲ့အခါလို့ ပြောရမှာပါပဲ။ ဒီလို မလိုလားအပ်တဲ့ပြဿနာရပ်တွေ မဖြစ်လာရအောင် ဒီအချက်တွေကို သတိထားလုပ်ဆောင်ဖို့လိုပါတယ်။

၁။    အလုပ်ခွင်မှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြပါ။
    အလုပ်မှာ ဒေါက်ဖိနပ်ကြီး တစ်ဂေါက်ဂေါက်နဲ့ ပြေးလွှားနေလို့လည်း မဖြစ်သေးပါဘူးနော်။ အလုပ်တစ်ခု ပြီးပြီးမြောက်မြောက်ဖြစ်ဖို့အတွက် စိတ်သက်သာရာရပြီး သက်သောင့်သက်သာဖြစ်နေဖို့လည်း အရေးကြီးတာကြောင့် တစ်နေကုန် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကြရအောင်။

၂။    အနားယူပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားစမြည် ပြောဆိုပါ။
    အလုပ်လုပ်တဲ့အခါ နာရီဝက်တစ်ခါလောက်ကို စက္ကန့်ပိုင်းလေးပဲဖြစ်ဖြစ် ခဏတစ်ဖြုတ် ရပ်ဖို့ လိုအပ်ပါတယ်။ လန်းလန်းဆန်းဆန်း ဖြစ်သွားတာပေါ့။

၃။    ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပါ။
    ရုံးမှာ အလုပ်လုပ်ရတဲ့အထဲ အဆိုးဆုံးက သွားရေစာတွေ၊ အပြင်စာတွေ အစားများတာပါပဲ။ ဒီလိုစားတော့ အဝလွန်တာတွေ၊ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားဖို့လိုတာပေါ့။ အိမ်ကနေ ထမင်းချိုင့်ထည့်လာဖို့ ကြိုးစားပါ။ အသီးအရွက်ပြုတ်တွေ များများစားပေးပါ။ ရုံးမလာခင် မနက်စာကို တဝကြီး စားလာပါ။ ဒါမှ အင်အားတွေပြည့်ဝနေမှာပေါ့။

၄။    ရေသောက်ဖို့ အချိန်ပေးပါ။
    တစ်နေ့လုံးကို ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက် သောက်နိုင်ဖို့ ကြိုးစားပါ။ ရေ ခဏခဏထဖြည့်ရပြီး အိမ်သာခဏခဏသွားရလို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပေါ့။

Enervon-C Adult 1

၅။    လမ်းလျှောက်နှုန်းကို မှတ်ထားပါ။
    တစ်နေ့လုံး လမ်း ဘယ်လောက်လျှောက်တယ်ဆိုတာကို မှတ်ထားခြင်းက ကိုယ့်တစ်နေ့တာ လှုပ်ရှားမှုကို သိနိုင်သလို ပိုလှုပ်လှုပ်ရှားရှား နေချင်လာအောက်လည်း တွန်းအားပေးပါတယ်။

၆။    အလုပ်နားချိန်မှာ အနားယူပါ။
    အလုပ်မှာ ကွန်ပျူတာမျက်နှာပြင်တွေ၊ ဖုန်းမျက်နှာပြင်တွေကို တစ်ချိန်လုံး ကြည့်နေရတာမို့ နေ့လယ် နားနေချိန်မှာတော့ မျက်စိကို အနားပေးဖို့လိုပါတယ်။

၇။    နေ့လယ်စာစားချိန်ကို ကောင်းကောင်း အသုံးချပါ။
    နေ့လယ်စာစားချိန်ကို စိတ်ရောကိုယ်ပါအနားရဖို့ ကောင်းကောင်း အသုံးချသင့်ပါတယ်။ အပြင်လေး ခဏတစ်ဖြုတ် ထလမ်းလျှောက်ပေးလို့လည်း ရတာပေါ့။

၈။    စိတ်မပင်ပန်းအောင် ထားပါ။
    လူတင်မကဘဲ စိတ်ကိုပါ မပင်ပန်းအောင်ထားဖို့ လိုပါတယ်။ သူငယ်ချင်းကို ဖုန်းခေါ် စကားစမြည် ပြော၊ သီချင်းလေး နားထောင် စသဖြင့် လုပ်ပေးပြီး စိတ်ကို အသစ်တစ်ဖန် ပြန်မွေးဖွားဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

    လုပ္ငန္းခြင္မွာ ေပ်ာ္႐ႊင္က်န္းမာဖို႔ဆိုတာ အလုပ္တစ္ခု ေကာင္းေကာင္းမြန္မြန္ၿပီးေျမာက္ဖို႔ အေရးအႀကီးဆုံး အရာတစ္ခုပါပဲ။ ဝန္ထမ္းေတြ ဘယ္အခ်ိန္မ်ိဳးမွာ နာမက်န္း၊ ေနမေကာင္း ျဖစ္လာတတ္လဲဆိုရင္ အလုပ္ခ်ိန္ေတြမ်ားၿပီး ဖိစီးလာတဲ့အခါလို႔ ေျပာရမွာပါပဲ။ ဒီလို မလိုလားအပ္တဲ့ျပႆနာရပ္ေတြ မျဖစ္လာရေအာင္ ဒီအခ်က္ေတြကို သတိထားလုပ္ေဆာင္ဖို႔ လိုပါတယ္။

၁။    အလုပ္ခြင္မွာ သက္ေသာင့္သက္သာရွိတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ၾကပါ။
    အလုပ္မွာ ေဒါက္ဖိနပ္ႀကီး တစ္ေဂါက္ေဂါက္နဲ႔ ေျပးလႊားေနလို႔လည္း မျဖစ္ေသးပါဘူးေနာ္။ အလုပ္တစ္ခု ၿပီးၿပီးေျမာက္ေျမာက္ျဖစ္ဖို႔အတြက္ စိတ္သက္သာရာရၿပီး သက္ေသာင့္သက္သာျဖစ္ေနဖို႔လည္း အေရးႀကီးတာေၾကာင့္ တစ္ေနကုန္ လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္ဖို႔ ေပါ့ေပါ့ပါးပါး ဝတ္ဆင္ၾကရေအာင္။

၂။    အနားယူၿပီး လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း စကားစျမည္ ေျပာဆိုပါ။
    အလုပ္လုပ္တဲ့အခါ နာရီဝက္တစ္ခါေလာက္ကို စကၠန႔္ပိုင္းေလးပဲျဖစ္ျဖစ္ ခဏတစ္ျဖဳတ္ ရပ္ဖို႔ လိုအပ္ပါတယ္။ လန္းလန္းဆန္းဆန္း ျဖစ္သြားတာေပါ့။

၃။    က်န္းမာေရးနဲ႔ညီၫြတ္စြာ စားေသာက္ပါ။
    ႐ုံးမွာ အလုပ္လုပ္ရတဲ့အထဲ အဆိုးဆုံးက သြားေရစာေတြ၊ အျပင္စာေတြ အစားမ်ားတာပါပဲ။ ဒီလိုစားေတာ့ အဝလြန္တာေတြ၊ က်န္းမာေရးျပႆနာေတြ ျဖစ္လာေတာ့တာပါပဲ။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္ စားဖို႔လိုတာေပါ့။ အိမ္ကေန ထမင္းခ်ိဳင့္ထည့္လာဖို႔ ႀကိဳးစားပါ။ အသီးအ႐ြက္ျပဳတ္ေတြ မ်ားမ်ားစားေပးပါ။ ႐ုံးမလာခင္ မနက္စာကို တဝႀကီး စားလာပါ။ ဒါမွ အင္အားေတြျပည့္ဝေနမွာေပါ့။

၄။    ေရေသာက္ဖို႔ အခ်ိန္ေပးပါ။
    တစ္ေန႔လုံးကို ေရ ၈ ခြက္ကေန ၁၀ ခြက္ေလာက္ ေသာက္ႏိုင္ဖို႔ ႀကိဳးစားပါ။ ေရ ခဏခဏထျဖည့္ရၿပီး အိမ္သာခဏခဏသြားရလို႔ လႈပ္လႈပ္ရွားရွား ျဖစ္သြားတာေပါ့။

၅။    လမ္းေလွ်ာက္ႏႈန္းကို မွတ္ထားပါ။
    တစ္ေန႔လုံး လမ္း ဘယ္ေလာက္ေလွ်ာက္တယ္ဆိုတာကို မွတ္ထားျခင္းက ကိုယ့္တစ္ေန႔တာ လႈပ္ရွားမႈကို သိႏိုင္သလို ပိုလႈပ္လႈပ္ရွားရွား ေနခ်င္လာေအာက္လည္း တြန္းအားေပးပါတယ္။

၆။    အလုပ္နားခ်ိန္မွာ အနားယူပါ။
    အလုပ္မွာ ကြန္ပ်ဴတာမ်က္ႏွာျပင္ေတြ၊ ဖုန္းမ်က္ႏွာျပင္ေတြကို တစ္ခ်ိန္လုံး ၾကည့္ေနရတာမို႔ ေန႔လယ္ နားေနခ်ိန္မွာေတာ့ မ်က္စိကို အနားေပးဖို႔လိုပါတယ္။

၇။    ေန႔လယ္စာစားခ်ိန္ကို ေကာင္းေကာင္း အသုံးခ်ပါ။
    ေန႔လယ္စာစားခ်ိန္ကို စိတ္ေရာကိုယ္ပါအနားရဖို႔ ေကာင္းေကာင္း အသုံးခ်သင့္ပါတယ္။ အျပင္ေလး ခဏတစ္ျဖဳတ္ ထလမ္းေလွ်ာက္ေပးလို႔လည္း ရတာေပါ့။

၈။    စိတ္မပင္ပန္းေအာင္ ထားပါ။
    လူတင္မကဘဲ စိတ္ကိုပါ မပင္ပန္းေအာင္ထားဖို႔ လိုပါတယ္။ သူငယ္ခ်င္းကို ဖုန္းေခၚ စကားစျမည္ ေျပာ၊ သီခ်င္းေလး နားေထာင္ စသျဖင့္ လုပ္ေပးၿပီး စိတ္ကို အသစ္တစ္ဖန္ ျပန္ေမြးဖြားဖို႔ လိုပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)