လုံလောက်စွာ အိပ်စက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးများ
(၁) အဝလွန်ခြင်း
လေ့လာချက်များအရ တစ်ညကို ၆ နာရီထက်လျော့ပြီး အိပ်စက်လေ့ရှိသူတွေဟာ အဝလွန်ခြင်းဖြစ်နိုင်ဖို့ အလားအလာ ပိုရှိပါတယ်။ ဒါဟာ ဇီဝကမ္မဖြစ်စဉ်နှင့် ဟော်မုန်းတွေ အလုပ်လုပ်ပုံတွေကို ပျက်ပြားစေတဲ့အတွက် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကြောင့် အချိုတွေ ပိုမိုစားမိစေတတ်တဲ့အပြင် မလှုပ်မရှား ဖြစ်ချင်တတ်ပါတယ်။
Revicon 1

(၂) အမျိုးအစား-၂ ဆီးချို
အိပ်ရေးမဝခြင်းကြောင့် အင်ဆူလင်နှင့် ဂလူးကို့စ်ပမာဏများအပေါ် သက်ရောက်မှုရှိစေပြီး ဆီးချိုဖြစ်ရန် အလားအလာများစေပါတယ်။ ဒါ့ပြင် အိပ်စက်ချိန်မလုံလောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ဝဖြိုးခြင်းကလည်း ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
(၃) နှလုံးရောဂါ
အိပ်စက်နေချိန်မှာ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ဟာ ကျနေတတ်ပါတယ်။ လုံလောက်သော အိပ်စက်မှုမရှိပါက သွေးပေါင်နှင့် နှလုံးခုန်နှုန်းကိုပါ မြင့်တက်စေပါတယ်။ ဒါကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်ပေါ်စေဖို့ ရာနှုန်းများစေပါတယ်။
Revicon 2

(၄) စိတ်ပိုင်းဆိုင်ရာပြဿနာများ
အိပ်ရေးမဝတဲ့အခါ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်ပူခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒါ့ပြင် ပြဿနာတွေဖြေရှင်းတဲ့အခါနှင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပြုလုပ်တဲ့အခါမှာ ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်တတ်ပါတယ်။






























