လူတိုင်း သိထားသင့်တဲ့ အမြင်အာရုံ အားကောင်းစေမယ့်လေ့ကျင့်ခန်းများ
လူတိုင်းဟာ နိစ္စဓူဝ လုပ်ငန်းခွင်ဝင်ရောက်ပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို
လုပ်ဆောင်နေရပါတယ်။ လူတွေရဲ့သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းခွင်မတူကြပေမယ့်လည်း များသောအားဖြင့် အားလုံးဟာ အထိုက်အလျောက်ဆိုသလို မျက်လုံးတွေကို လိုတာထက်ပိုပြီး အားပြုနေရပါတယ်။
လူတစ်ယောက်အတွက် မျက်လုံးတွေဟာ အင်မတန်အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုဖြစ်ပေမယ့် ရာနှုန်းပြည့် ဂရုစိုက်တဲ့သူက ခပ်ရှားရှားပါ။
အမြင်အာရုံ အားနည်းတဲ့ခံစားမှုကို လူတိုင်းခံစားဖူးမှာပါ။ မျက်စိကြည့်ရတာ အားမရတာတွေ
ရှိမယ်။ အမြင်အာရုံ မှုန်ဝါးပြီး အလိုလိုနေရင်း စိတ်အနှောင့်အယှက် ဖြစ်ရတာတွေလည်း ရှိကောင်းရှိမှာပါ။
အမြင်အာရုံအားကောင်းစေဖို့အတွက် လေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက လုပ်ဆောင်တဲ့အခါမှာလည်း အပန်းကြီးတာမျိုးမရှိပါဘူး။ အမြင်အာရုံအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးတင်ဝင်းက ပြောဆိုလမ်းညွန်ခဲ့သမျှကို Dr Myanmar ပရိသတ်တွေအတွက် အကျိုးရှိစေဖို့
ဖော်ပြပေးလိုက်ပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ယခုတင်ဆက်နေတဲ့ "မျက်လုံးကျန်းမာရေး" Program ကို iicare မှ အားဖြည့်ကူညီပေးထားခြင်း ဖြစ်ပါတယ်..






























