လူတောတိုးရမှာကြောက်တဲ့ရောဂါကိုကုသရာတွင် စိတ်ပညာကုထုံးက ပိုမိုထိရောက်မှုရှိ
လူတောတိုးရမှာကြောက်တဲ့ရောဂါ (Social Phobia) ဆိုသည်မှာ လူအများကြားတွင်နေရမည် ကို ကြောက်ရံွ့ခြင်း၊ လူအများနှင့် စကားပြော ရမည်ကို စိုးရိမ်ခြင်း၊ စိတ်ပူပန်ခြင်း၊ အကြောက်လွန်ခြင်းဖြစ်ပါ တယ်။ Social Phobia ကိုကုသရန် စိတ်ကြွဆေးများကို အသုံးပြုနိုင်သော်လည်း ဆေးဝါးများသောက်သုံးခြင်း ထက် အပြုအမူနှင့်စိတ်နေသဘောထားကို ပြုပြင်သော စိတ်ပညာကုထုံးသည် ပိုမိုထိရောက်မှုရှိတယ် လို့ လေ့လာမှုအသစ်များအရ သိရပါတယ်။
သုတေသီများက လေ့လာမှုများပြုလုပ်ခဲ့ရာမှ စိတ်ကျရောဂါကုဆေးဝါးများ Selective Serotonin Reuptake Inhibitors (SSRIs) သည် ထိရောက်မှုရှိသော်လည်း အပြုအမူကိုပြုပြင်သော စိတ်ရောဂါ ကုထုံးဖြင့်ကုသခြင်းဟာ ပိုမိုအကျိုးရှိတာကိုတွေ့ရ ပါတယ်။ ဒါကြောင့် သုတေသီများအနေဖြင့် Social phobia ကိုခံစားနေရသောသူများအား အပြုအမူကိုပြုပြင်သောကုထုံးဖြင့် အရင်ကုသသင့်တယ်လို့ အကြံပြုထားပါတယ်။ သို့သော် ၎င်းစိတ်ပညာကုထုံးသည် တာ၀န်ယူ ကုသပေးမည့် ဆရာ၀န်ပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်တယ်လို့ စိတ်ရောဂါအထူးကု Dr. Franklin Schneier က ဆိုပါတယ်။ လူအချို့ကတော့ စိတ်ပညာကုထုံးအစား SSRI ဆေးဝါးများသောက်သုံးခြင်းကို နှစ်ခြိုက်နေကြဆဲဖြစ်ပါတယ်။
Dr. Htet Htet Aung






























