/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူတွေက-ဘာလို့-မိမိကိုယ်ကို-ဆီးချိုရှိမှန်း-မသိကြတာလဲ

လူတွေက ဘာလို့ မိမိကိုယ်ကို ဆီးချိုရှိမှန်း မသိကြတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လတ်တလော စစ်တမ်းကောက်ယူချက်တွေအရ လူတော်တော်များများဟာ မိမိကိုယ်ကို ဆီးချိုရှိမှန်း မသိကြပါ။ အမေရိကန်မှာဆို လူပေါင်း ခုနှစ်ဘီလီယံလောက်ဟာ ဆီးချိုရှိလို့ ရှိမှန်း မသိခဲ့ကြပါ။ ဒါအပြင် ၈၄.၁ ဘီလီယံအရေအတွက်ရှိတဲ့ လူတွေမှာ ဆီးချို အကြိုအဆင့် ရောက်နေမှန်း မသိခဲ့ကြပါ။

 

>>    ဆီးချိုဟာ လူသတ်ရောဂါပါ။

          ဆီးချိုကြောင့် ဒုက္ခရောက်၊ အသက်ဆုံးရှုံးမှုမဖြစ်ခင် ဆီးချိုရှိမှန်းသိမှ ကုသလို့ရမယ် မဟုတ်ပါလား။ ဆီးချိုကြောင့် ခြေပြတ်၊ လက်ပြတ်၊ အာရုံကြောထိ၊ မျက်စိကွယ်၊ ကျောက်ကပ်ထိ ေ၀ဒနာပေါင်းစုံ ခံစားနေကြရပါတယ်။

 

>>    ဆီးချိုရောဂါလက္ခဏာတွေကို သတိမူမိကြဖို့ ရေးသားရရင် -

          မကြာခဏ ဆီးသွားမယ်၊ နုံးချိမယ် ဒါတွေကို သတိမမူမိကြတဲ့အခါ ဆီးချိုရှိမှန်း မသိလိုက်ကြဘူး ဖြစ်သွားတယ်။

 

>>    ဆီးချို တစ်ခါမှ စစ်မကြည့်မိဘူး။

          အံ့သြစရာပါပဲ။ လူတော်တော်များများဟာ ဆီးချို စစ်ကြည့်ရကောင်းမှန်း မသိကြပါဘူးတဲ့။

 

>>    ဆီးချိုအန္တရာယ် ကြိုတင်ကာကွယ်ဖို့ မသိကြဘူး၊၊

●        အစားအစာကို စနစ်တကျ ကယ်လိုရီ တွက်ချက်မယ်။

●        လေ့ကျင့်ခန်း လုပ်မယ်။

●        အသီးအနှံ များများစားမယ်။

●        အချိုရည် ရှောင်မယ်။

          ဒါတွေကို လိုက်နာဖို့ မသိခဲ့ကြလို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)