/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူနာနဲ့-ဆရာဝန်ကြား-ကောင်းမွန်တဲ့ဆက်ဆံရေးက-လူနာရဲ့ကျန်းမာရေးအတွက်

လူနာနဲ့ ဆရာဝန်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးက လူနာရဲ့ကျန်းမာရေးအတွက် အထောက်အကူပြု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မြန်မာစကားမှာ ပုဂိ္ဂုလ်ခင်ရင် တရားမင်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒီစကားကို သိပ္ပံနည်းကျ တွေ့ရှိချက်တွေက ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

         ညသန်းခေါင်ကြီးမှာ နေမကောင်းလို့ နိုးလာတဲ့အခါ ကိုယ့်ရဲ့အိမ်သားတွေကို နှိုးပြီး ပြောမယ် (သို့) မနက်ဖြန် အလုပ်မလာနိုင်တဲ့အကြောင်းကို အလုပ်ကို ခွင့်တိုင်တာတွေ လုပ်လေ့ရှိပါတယ်။

         တချို့ဆရာဝန်နဲ့ ရင်းနှီးပြီး ဆက်ဆံရေး ကောင်းတဲ့သူတွေကတော့ ကိုယ်ခံစားနေရတာတွေကို ဆရာဝန်ကို စာပို့ပြောပြီး အကြံဉာဏ် တောင်းတာမျိုးလည်း ရှိပါတယ်။  ဒီလို လူနာနဲ့ ဆရာဝန်ကြား ဆက်ဆံရေးကောင်းမှုက ကျန်းမာရေးဆိုင်ရာ ရလဒ်ကောင်းတွေကို ရရှိစေပါတယ်။

         လူနာနဲ့ ဆရာဝန်ကြား ဆက်ဆံရေးကောင်းတဲ့အခါမှာ လူနာတွေက ဆရာဝန်ဆီကို ပိုပြီးသွားချင်မယ်၊ သူတို့ ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဆရာဝန်ဆီက အကြံဉာဏ်တွေကို ရယူကာ လိုက်နာတတ်ကြပါတယ်။

          တွေ့ရှိချက်တစ်ခုအရ ဆီးချိုလူနာကို ကုသရာမှာ ဆရာဝန်က စိတ်ရှည်ပြီး လူနာပေါ် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဆွေးနွေးပေးပါက လူနာရဲ့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ပိုကောင်းလာတယ်ဆိုတာကို တွေ့ရှိရပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)