လူ့ဦးနှောက်ထဲက သန်ကောင်များ
ကိုယ်စားတဲ့ အစားအသောက်ထဲမှာ သန်ဥတွေပါလာပြီး ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ သန်ကောင်တွေ ပေါက်လာပြီး တကိုယ်လုံးကို ခရီးထွက်နိုင်ပါသတဲ့။ မျက်လုံး၊ အသားနဲ့ ဦးနှောက်တွေ အပါအဝင် ဖြစ်ပါတယ်။ လူ့ဦးနှောက်ထဲက သန်ကောင်များကတော့ ၀က်သားကနေ လာတာဖြစ်ပါတယ်။
၂၀၁၃ မှာ ကူးစက်ခံလူတစ်ယောက်ရဲ့ ဦးနှောက်ဘယ်ဘက်ခြမ်းက သန်ကောင်တစ်ကောင်ဟာ ဦးနှောက်ညာဘက်ခြမ်းကို ရွေ့သွားတာကို တွေ့ခဲ့ကြပါတယ်။
ခရီးသွားရတာ ဝါသနာထုံသူတစ်ဦးဖြစ်တဲ့ လူနာဟာ တရုတ်ပြည်၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နဲ့ ထိုင်းမှာ လှည့်လည်သွားလာနေပြီး ခေါင်းကိုက်ဝေဒနာနဲ့ ပြန်လည်ဆေးကုသမှု ယူနေခဲ့ပါတယ်။
ခေါင်းကိုက်တာက ဆက်ကာဆက်ကာ မပျောက်ဘဲဖြစ်နေပြီး တက်တာနဲ့ ခြေထောက်တွေ ပျော့လာတာတွေပါ ဆက်နွယ်လာပါတော့တယ်။ ကုသလို့ မပြေလည်တဲ့အဆုံး ဦးခေါင်းထဲက သန်ကောင်ကို ခွဲစိတ် ထုတ်ယူခဲ့ရပါတော့တယ်။
သန်ကောင်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီး လူတွေရဲ့ အစာချေလမ်းကြောင်းမှာ လှည့်လည်သွားနေတတ်ပါတယ်။
ကြောင်တွေ၊ ခွေးတွေရဲ့ အူလမ်းကြောင်းမှာ အကောင်ပေါက်လာပြီး မစင်ကနေတစ်ဆင့် ဥတွေပါ သွားပါတယ်။ ဒီဥတွေဟာ ရေကနေတစ်ဆင့် ပျော်ဝင်မျောပါနေပြီး လူတွေကို ရေကနေတစ်ဆင့် ရေအသုံးပြု ချက်ပြုတ်တဲ့ မကျက်မကျက် အစားအစာတွေကတစ်ဆင့် ကူးစက်ရောက်ရှိသွားပါတယ်။
>> သန်ကောင်ဟာ ဦးနှောက်ထဲကို ရောက်သွားတဲ့အခါ -
● ခေါင်း အဆက်မပြတ် ကိုက်မယ်။
● တစ်သျှူးတွေ ပျက်စီးမယ်။
● အမြင်အာရုံ ထွေပြားမယ်။
● အကြောလိုက်မယ်။
● တက်မယ်။
● သေဆုံးသည်အထိ ဆိုးဝါးသွားနိုင်ပါတယ်။
ဝက်သားမှာပါဝင်တဲ့ သန်ကောင်ဟာ နည်းနှစ်မျိုးနဲ့ လူကို ကူးစက်ပါတယ်။
● လက် သေချာမဆေးတဲ့အခါ သန်ဥတွေဟာလည်း လက်ကနေ ပါးစပ်ထဲကို ဝင်သွားပြီး အူလမ်းကြောင်းကို ရောက်ရှိပေါက်ပွားနေမှာ ဖြစ်ပါတယ်။
● သန်ကောင်ကတော့ မကျက်တကျက် ဝက်သားတွေမှာ ပါဝင်နေမှာ မုချပါပဲ။ တွန့်ခေါက်နေတဲ့သန်ပြားကောင်တွေ သန်လုံးကောင်တွေဟာ မကျက်တကျက် ဝက်သားထဲမှာ ငြိမ်ငြိမ်လေး တည်ရှိနေပါတယ်။
ဝက်သားမှာ ပါဝင်တဲ့ သန်ကောင်ရောဂါ စွဲကပ်တဲ့အခါ သန်ချဆေး ရက်ပတ်လည်အောင် သောက်သုံးကုသရပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ ဦးနှောက်ထဲက သန်ကောင်အတွက်ကတော့ ခွဲစိတ်ကုသတဲ့နည်းတစ်မျိုးသာ ရှိပါတယ်။
>> ခရီးထွက်စဉ်မှာ သန်ကောင်ရောဂါတွေ ကာကွယ်ဖို့ -
● လက် စင်ကြယ်အောင် ဆေးကြောပါ။
● ဝက်သားကို ကျကျနနဆေးကြောပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သေချာလုံးပြီး အဖုံးအုပ်ကာ နူးအောင် ချက်ပြုတ်စားသောက်တာက အပေါ်က ဖော်ပြပါရောဂါတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























