လူ၏ ရေမြွှာအမြှေးပါးကိုအသုံးပြု၍ အရေပြားအစားထိုးကုသနိုင်
ကုသရန်ခက်ခဲသောခြေထောက်ရှိ နာတာရှည်အနာများ( Chronic Lower Extremity Ulcers) ကိုအခြောက်ခံထားသော လူသားများ၏ရေမြွှာအမြှေးပါး (Dehydrated Human Amnion/ Chorion Membrane) ကိုအသုံးပြု၍ ကုသနိုင်ပါတယ်။ အခြောက်ခံထားတဲ့ ရေမြွှာအတွင်းအမြှေးပါးတွင် အနာကျက်ခြင်းကို အထောက်အပြုသောပစ္စည်းများ (PDGF-AA, PDGF-BB, bFGF, TGF-β1, EGF, VEGF, and PlGF)၊ အရောင်ကျစေသောပစ္စည်းများ (IL-1ra, IL-4, IL-10)နှင့် TIMP-1, TIMP-2, TIMP-4 တို့ ပါ၀င်တာကြောင့် အနာကျက်နှုန်းကို မြန်စေပြီး၊ နာတာရှည်အနာများကို သက်သာပျောက်ကင်း စေတာဖြစ်ပါတယ်။ 2014 ခုနှစ်မှာတင် အခြောက်ခံထားတဲ့ ရေမြွှာအတွင်းအမြှေးပါးကိုအသုံးပြုပြီး လူနာပေါင်း 40 ကျော်ကို အရေပြားအစားထိုး ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Dr. Htet Htet Aung






























