လေထခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ
လေထလာခဲ့ရင် အိမ်မှာပဲ ဒီနည်းလမ်းလေးတွေနဲ့ ကုစားလို့ရတယ်နော်။
♦ ဒူးကိုရင်ဘတ်နားဆွဲကပ်ကြည့်ပါ။
ပက်လက်လှန်လိုက်ပြီးတော့ ဒူးကိုရင်ဘတ်နား ဆွဲကပ်လိုက်ခွာလိုက်နဲ့ တစ်မိနစ်ကို ၆ကြိမ်ကနေ၁၀ကြိမ်လောက်ထိ လုပ်ကြည့်ပါ။ တစ်ခါလုပ်ရင် ၅မိနစ်လောက်ပေါ့။
♦ အပူကပ်ပေးပါ။
ဗိုက်နာတာသက်သာစေဖို့ အပူကပ်ပေးလို့ရတယ်။ ဒါပေမယ့် အသားတော့မလောင်စေနဲ့ပေါ့နော်။ ကို့ယ်အသားအရည်နဲသင့်တော်မယ့် အနေအထားလောက်မှာ အပူချိန်ကို ထားပေးပါ။
♦ ရေနွေးပူပူလေးသောက်ပါ။
ပူစီနံရေနွေးကြမ်း၊ ချင်းရေနွေးကြမ်း၊ စမုန်စပါးရေနွေးကြမ်းစသဖြင့် ရေနွေးကြမ်းလေးတွေ သောက်ပေးပါ။ ဒီလို အပူလေးသောက်ပေးတာက ဗိုက်မကောင်းတာကို သက်သာစေပါလိမ့်မယ်။ ပူစီနံမှာ မက်သနောလို့ခေါ်တဲ့ ဗိုက်နာတာ၊ လေထတာကို သက်သာစေတဲ့ ဓာတ်တစ်မျိုးပါတာကြောင့် ပူစီနံရေနွေးကြမ်းသောက်ပေးတာ ကောင်းပါတယ်။
♦ စမုန်စပါးစေ့ဝါးပေးပါ။
စမုန့်စပါးစေ့ဟာ လေထတာ၊ နာတာကျင်တာတွေကို သက်သာစေနိုင်တယ်။ တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆို ရပါပြီ။
Kremil-S 1
♦ ပန်းသီးရှာလကာရည်သောက်ပါ။
ရေတစ်ခွက်နဲ့ ပန်းသီးရှာလကာရည်၂ဇွန်း ရောမွေပြီး ဖြည်းဖြည်းချင်းစီသောက်ကြည့်ပါ။
♦ လိမေ္မာ်ခွံနဲ့ လေညှင်းရွက်ပြုတ်သောက်ပါ။
လိမေ္မာ်ခွံကို ရေနွေးထဲ၅မိနစ်လောက်ပြုတ်ပြီး ရေနွေးကြမ်းလိုသောက်ပေးပါ။ အခွံတွေကိုတော့ ဒီအတိုင်းဝါးစားပေးပါ။ အစာခြေစနစ်ကို ကောင်းစေတယ်။
လေညှင်းရွက်ကိုလည်း ဒီအတိုင်းလုပ်စားပေးပါ။
♦ လေထစေတဲ့အစားအသောက်တွေကို ရှောင်ပါ။
တချို့အစားအသောက်တွေဟာ သူများထက်ပိုပြီးကို လေထစေနိုင်တတ်တယ်။ ပဲသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ ဂေါ်ဖီပွင့်၊ ကညွတ်၊ မက်မွန်သီး၊ ဂေါ်ဖီထုပ်၊ သလဲသီး၊ ပန်းသီး၊ ဆီးသီး၊ ပီကေ၊ ဆိုဒါ၊ ကာဗွန်ပါတဲ့ဖျော်ရည်တွေ၊ ရေခဲမုန့်နဲ့ နို့အေး စတဲ့ အစားအသောက်တွေဟာ လေထစေတတ်လို့ ရှောင်ဖို့လိုတယ်။
Kremil-S 2
♦ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုရှောင်ပေးပါ။
နို့နဲ့နို့ထွက်ပစ္စည်းတွေကို လျော့ပေးသင့်တယ်နေ်ာ။ ဒါမှ လေထွက်တာနည်းပြီး နာတာလည်းသက်သာမှာပေါ့။ pH
♦ အမျှင်များတာတွေကို ခဏတစ်ဖြုတ်လောက်တော့လျော့စားပေးပါ။
အမျှင်များတဲ့အစားအသောက်တွေဟာ ဗိုက်ထဲလေပွစေတတ်တယ်။ နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်စားပေးပေါ့။
♦ ဆေးသောက်ပါ။
အိမ်တွင်းနည်းတွေကိုပြောမယ်ဆိုရင် ဆေးဆိုင်မှာဆေးစာမလိုဘဲဝယ်လို့ရတဲ့ဆေးတွေလည်း ပါတာပေါ့။ Simethicone ပါ၀င်တဲ့ Kremil-S လို ဆေးတွေကို သောက်လို့ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
♦ လိမ်မောျခှံနဲ့ လညှေငျးရှကျပွုတျသောကျပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























