/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေပျို့တာတွေ၊-လေတက်တာတွေကိုသက်သာစေဖို့-နည်းလမ်းများ

လေပျို့တာတွေ၊ လေတက်တာတွေကိုသက်သာစေဖို့ နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တစ်ခါတစ်လေ လေပျို့တာ၊လေတက်တာက ပုံမှန်ပေမယ့်လည်း အမြဲလေတွေပျို့လေတွေတက်နေရင်တော့ အစာခြေစနစ်တစ်ခုခုမှားနေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ပါးစပ်ထဲကိုလေတွေဝင်တာများရင် လေတွေပြန်အန်တတ်ပါတယ်။ ဒီတော့ သာမာန်နေထိုင်မှုပုံစံအပြောငး်အလဲလေးတွေက အစာအိမ်ထဲကလေတွေကိုလျော့နည်းစေပြီးတော့ လေတက်တာကိုသက်သာစေနိုင်ပါတယ်။

>> ဘာကြောင့် လေတက်ရသလဲ

အဓိကအားဖြင့် အကြောင်းအရင်း ၂ ခုရှိပါတယ်။

1.လေတွေအများကြီးပိုပြီးမြိုချမိခြင်း

အစားအသောက်တွေကို အရမ်းမြန်မြန်ကြီးစားတဲ့အခါမှာ လေတွေအများကြီးမြိုချမိစေပါတယ်။ ဒီအခါမှာ ပိုနေတဲ့လေတွေကို ခန္ဓာကိုယ်ကနေပြီးတော့ လေတက်ခြင်းအားဖြင့် ထုတ်လိုက်ပါတယ်။ သကြားလုံးတွေစုပ်စားတာ၊ အအေးတွေရေတွေကိုပိုက်ကနေစုပ်သောက်တာ၊ ပီကေဝါးတာ၊ ကိုယ်နဲ့အံကိုက်မဖြစ်ဘဲ ချောင်နေတဲ့အံကပ်တွေကိုတပ်ထားတာတွေက လေတွေကိုမြိုချမိဖို့အားပေးပါတယ်။

ရင်ပူတဲ့သူတွေ၊ အက်ဆစ်တွေအပေါ်ပြန်ကန်တက်တဲ့သူတွေမှာ လေတက်လေ့ရှိပါတယ်။ အစာအိမ်ထဲကအက်ဆစ်တွေက အစာပြွန်ထဲကိုပြန်ကန်တက်လာတဲ့အခါမှာ မသက်မသာဖြစ်တဲ့ခံစားချက်ကိုပြေစေဖို့အတွက် လေတွေကိုပိုမြိုချမိတတ်ပါတယ်။ ဒီလိုမြိုချမိတဲ့လေတွေကိုပြန်ထွက်ဖို့အတွက် လေတက်ပေးရပါတယ်။

Kremil-S 1

2.အစာခြေပြဿနာတစ်ခုခုရှိနေခြင်း

 

အမြဲလိုလိုလေတက်နေတာကတော့ အစာခြေပြသနာတစ်ခုခုကြောင့်ဖြစ်နိုင်ပြီး ကုသမှုခံယူဖို့လိုနိုင်ပါတယ်။ အစာအိမ််ထဲကအစာတွေကိုချေဖျက်ဖို့နှေးကွေးတာ၊ အစာအိမ်နဲ့အူလမ်းကြောင်းအနာ၊ သည်းခြေအိတ်ကျောက်တည်ခြင်းနဲ့ သည်းခြေအိတ်ပြသနာတွေကြောင့် လေတက်နိုင်ပါတယ်။ ရှားတော့ရှားပေမယ့် အစာအိမ်ကင်ဆာ၊ အစာပြွန်ကင်ဆာတွေကြောင့်လည်း ဆိုးဆိုးရွားရွားလေပျို့လေအန်ဖြစ်တတ်ပါတယ်။

 

လေတွေဆက်တိုက်တက်နေပြီးတော့ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းထဲမှာသွေးပါခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဖျားခြင်းစတဲ့ လက္ခဏာတွေပါတွဲဖြစ်ရင်တော့ ဆရာဝန်သွားပြဖို့လိုပါတယ်။

>> အလွန်အမင်း လေတက်ခြင်းကိုကာကွယ်နိုင်ဖို့

1.လေတွေအများကြီးမြိုမချမိစေဖို့ ဖြည်းဖြည်းချင်းစားပါသောက်ပါ။

2.လေတက်တာ၊ လေထိုးတာမကြာခဏဖြစ်ရင် Kremil-S ပန်းရောင်လိုမျိုး ဆေးဝါးတွေကို သောက်သုံးနိုင်ပါတယ်။

3.သကြားလုံးမာမာတွေကို စုပ်ပြီးတော့မစားပါနဲ့။ ကာဗွန်ပါတဲ့ အချိုရည်တွေနဲ့ဘီယာကိုရှောင်ပါ။

4.အချိုရည်တွေ အထူးသဖြင့် ဂက်စ်ပါတဲ့အချိုရည်တွေသောက်တဲံအခါမှာ ပိုက်ကနေစုပ်မသောက်ပါနဲ့။ ခွက်ထဲထည့်သောက်ပါ။

5.ဆေးလိပ်မသောက်ပါနဲ့။

6.အံကပ်တပ်တယ်ဆိုရင်လည်း အံကပ်ကို သွားဖုံးနဲ့အံကိုက်ဖြစ်အောင် ဂရုစိုက်ပါ။

7.စိတ်ဖိစီးမှုကိုဖြေလျှော့ပါ။ စိတ်ဖိစီးမှုတွေများတဲ့အခါမှာ လေတွေမြိုချမိစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Kremil-S 2

(Unicode)





 



 


 


 










Dr. Mya Myo Myo Swe (www.drmyanmar.com)