လေပြွန်ရောင်နေပြီလား
လေပြွန်ရောင်ခြင်းဟာ အဖြစ်များသော အဆုတ်ပြဿနာတစ်ခု ဖြစ်ပါတယ်။ လေပြွန်ရောင်နေသူများအနေနှင့် နေ့စဉ်ရက်ဆက်ချောင်းဆိုးခြင်းကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီတွေမှာ ပိုပြီး ချောင်းဆိုးလေ့ရှိပါတယ်။
>> လေပြွန်ရောင်နေပြီလားလို့ သံသယရှိသူများအနေနှင့် အောက်ပါမေးခွန်းလေးတွေကို ဖြေဆိုကြည့်ပါ။
● သင့်မှာ နာတာရှည်ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူမဝခြင်းကို ခံစားနေရပါသလား
● ချောင်းဆိုးတဲ့အခါမှာ အဝါရောင် သို့မဟုတ် အစိမ်းရောင်သလိပ်တွေ ထွက်ပါသလား
● သင့်မှာ ချောင်းဆိုးခြင်းအပြင်
နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ခေါင်းကိုက်ခြင်းတွေပါ ခံစားနေရပါသလား
● နေ့လယ်ဘက်တွေ အိပ်ငိုက်နေတတ်ပါသလား
အဆိုပါအချက်တွေဟာ သင့်အတွက် မှန်ကန်နေရင်တော့ သင့်မှာ လေပြွန်ရောင်ခြင်း ဖြစ်နေဖို့ အလားအလာများပါတယ်။
>> ဘာကြောင့် လေပြွန်ရောင်ခြင်း ဖြစ်ပေါ်သလဲ?
● လေပြွန်ရောင်ခြင်းဟာ
(၁) ဗိုင်းရပ်စ်ပိုးဝင်ခြင်း (အအေးမိခြင်း) နှင့်
(၂) ဘက်တီးရီးယားပိုးဝင်ခြင်း (ကြက်ညှာချောင်းဆိုးရောဂါ) ဆိုသော
အချက်နှစ်ချက်ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
>> လေပြွန်ရောင်ခြင်းကြောင့် ချောင်းဆိုးခြင်းကို သက်သာစေဖို့ ဒီအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
● ဆရာဝန် ညွှန်ကြားချက်ဖြင့် ချောင်းဆိုးခြင်းများကို အချိန်မှန်သောက်သုံးခြင်း
● ဆေးလိပ်ဖြတ်ခြင်း
● ရနံ့ပြင်းသော အရာများနှင့်ဝေးဝေးနေခြင်း၊ ဆေးလိပ်ငွေ့ ခြင်ဆေးငွေ့ စသော မီးခိုးငွေ့များကို ရှောင်ခြင်း
● ရေများများသောက်ခြင်း
● လေထုကို စိုစွတ်စေသော humidifier စက်များ အခန်းတွင်းထားရှိခြင်း သို့မဟုတ် ရေနွေးငွေ့ရှူခြင်း
● ရာသီဥတုအေးချိန်တွင် နွေးနွေးထွေးထွေးနေခြင်း
>> ဘယ်အချိန်တွင် ဆရာဝန်နှင့် ချက်ချင်းပြသသင့်လဲ?
● ချောင်းအဆက်မပြတ်ဆိုးခြင်းနှင့်အတူ သွေးအန်ခြင်း၊ အဖျားတက်ခြင်း (၁၀၂°F နှင့်အထက်)၊ ၃ ရက်ဆက်တိုက် ဖျားနေခြင်း၊ အသက်ရှူမဝခြင်း၊ သလိပ်အရောင်ပြောင်းလာခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ချက်ချင်းပြသပြီး ကုသမှုခံယူဖို့ လိုအပ်နေပါပြီ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























