/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်စေသော-အကြောင်းအရင်းများ

လေဖြတ်စေသော အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အဖြစ်များတဲ့ လေဖြတ်ခြင်း အမျိုးအစားကတော့ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းပါ။

●        ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတစ်ချောင်းထဲမှာ သွေးခဲပိတ်နေရင် ဦးနှောက်ဆီ သွေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ပြီးတော့ လေဖြတ်စေနိုင်ပါတယ်။

●        နှလုံးသွေးကြောတွေက ဦးနှောက်ဆီကို သွေးတွေသယ်ပေးပါတယ်။ နှလုံးသွေးလွှတ်ကြောတွေမှာ သွေးခဲတွေဖြစ်လာရင်လည်း လေဖြတ်စေနိုင်ပါတယ်။

          နောက်ထပ် လေဖြတ်ခြင်းတစ်မျိုးကတော့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ ဦးနှောက်ထဲက သွေးကြောတစ်ခုခု ပေါက်ထွက်ပြီးတော့ ဘေးနားက တစ်သျှူးတွေထဲကို သွေးတွေ စိမ့်ထွက်သွားလို့ ဖြစ်ပါတယ်။ သွေးကြောနံရံတွေကို ဒဏ်ဖြစ်စေတဲ့ သွေးအရမ်းတက်ခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။

 

>>    နှလုံးတိုက်ခိုက်ခံရခြင်းဖြစ်စေသော အကြောင်းအရင်းများ

          နှလုံးသွေးကြောပိတ်လို့ (သို့) ကျဉ်းသွားလို့ သွေးစီးဆင်းမှုကို ရပ်တန့်သွားစေတဲ့အခါမှာ နှလုံးတိုက်ခိုက်ခံရခြင်း ဖြစ်စေပါတယ်။

          နှလုံးသွေးကြောထဲမှာ သွေးခဲပိတ်ရင် (သို့) ကိုလက်စရောတွေ သွေးကြောထဲမှာ ဖြစ်လာရင် သွေးစီးဆင်းမှုကို နှေးစေပါတယ်။

 

>>    ဖြစ်နိုင်ချေများစေသောအချက်များ

          လေဖြတ်ခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်း အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ တူကြတာ များပါတယ်။ ဒါတွေကတော့ -

●        ဆေးလိပ်သောက်ခြင်း

●        ကိုလက်စရောများခြင်း

●        သွေးပေါင်ချိန်များခြင်း

●        အသက်အရွယ်

●        မိသားစုရာဇဝင် တို့ဖြစ်ကြပါတယ်။

          သွေးတိုးခြင်းကြောင့် သွေးကြောနံရံတွေကို ဒဏ်ဖြစ်စေပြီးတော့ ကြာလာတဲ့အခါမှာ နံရံတွေ မာလာပြီးတော့ လိုအပ်တဲ့ သွေးလှည့်ပတ်မှုလုပ်နိုင်ဖို့အတွက် လိုအပ်သလောက် မချဲ့နိုင်တော့ပါဘူး။ ဒီတော့ သွေးလှည့်ပတ်မှု မကောင်းတော့ဘဲနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်နိုင်ချေကို များစေပါတယ်။

          နှလုံးခုန်တဲ့စည်းချက် မမှန်ရင်လည်း လေဖြတ်နိုင်ချေ များပါသေးတယ်။ စည်းချက်မမှန်တဲ့အခါမှာ နှလုံးထဲမှာ သွေးတွေအိုင်လာပြီးတော့ သွေးခဲဖြစ်သွားစေလို့ပါ။ ဒီသွေးခဲက နှလုံးကနေပြီးတော့ ကွာထွက်သွားတဲ့အခါမှာ ဦးနှောက်ဆီရောက်သွားပြီးတော့ ဦးနှောက်သွေးခဲပိတ်ခြင်းကြောင့် လေဖြတ်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)