/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်နိုင်ချေ-အလားအလာ

လေဖြတ်နိုင်ချေ အလားအလာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လေဖြတ်လေငန်းဖြစ်နိုင်ချေ တဖြည်းဖြည်းနဲ့ မြင့်တက်လာပါပြီနော်။ အမေရိကန် လေဖြတ်ရောဂါအဖွဲ့အစည်းရဲ့ လေ့လာမှုအရ အသက် ၅၅ နှစ်ကစလို့ လေဖြတ်အန္တရာယ် နှစ်ဆ တက်လာပါပြီတဲ့။
အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးလေဖြတ်တတ်သတဲ့။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအသက်ရှည်ရှည်နေကြတဲ့အတွက် လေဖြတ်နိုင်တဲ့အလားအလာ ပိုများပါသတဲ့။
အာဖဂန်-အမေရိကန် အာရှသွေးနှောအမေရိကန်သူလား ... ဒါဆိုရင်တော့ သင့်မှာ လေဖြတ်စေတဲ့အန္တရာယ် နှစ်ဆ တက်သွားပါပြီ။ ကော့တေးရှမ်းလူမျိုးတွေထက် အာဖရိကန်-အမေရိကန်မှာ လေဖြတ်နှုန်း နှစ်ဆ တက်နေပါတဲ့။ သူတို့ရဲ့ သွေးကြောင့်တင် မဟုတ်ပါဘူး။ သွေးတိုး၊ ဆီးချို အဝလွန်တာတွေပါ ထပ်ပေါင်းစပ်လို့ပါတဲ့။
သင့်မှာ လေဖြတ်ထားတဲ့မိသားစုဝင် မိဘ၊ မောင်နှမ၊ ကလေးတွေ ရှိနေခဲ့မယ်ဆိုရင် သင့်မှာလည်း လေဖြတ်နိုင်မယ့်အလားအလာ ရှိနေပါပြီ။ အသက်ကြီးလာတာနှင့်အမျှ တစ်စတစ်စ အန္တရာယ် တက်လာပါတယ်။
တစ်ခါ လေဖြတ်ဖူးရင် နောက်တစ်ခါ ထပ်လေဖြတ်ဖို့ ဖြစ်နိုင်ခြေကလည်း လေဖြတ်ပြီး သုံးလအတွင်း ထပ်ရှိလာပြန်ပါတယ်။ ပြီးရင်တော့ ဖြည်းဖြည်းချင်း ဖြစ်နိုင်ခြေ ကျဆင်းသွားပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)