/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေမဖြတ်အောင်-ကာကွယ်လို့-ရနိုင်သလား

လေမဖြတ်အောင် ကာကွယ်လို့ ရနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲကို သွေးစီးဆင်းမှု ရပ်တန့်ပြတ်တောက်သွားပြီး သက်ဆိုင်ရာ ဦးနှောက်ဆဲလ်တွေ သွေးအာဟာရ မရတော့ဘဲဲ ကိုယ့်ခန္ဓာ အစိတ်အပိုင်းတွေ ထိခိုက်သွားတာ ဖြစ်ပါတယ်။ အံ့သြစရာက လေဖြတ်တဲ့ လူ ၁၀ ယောက်မှာ ၈ ယောက်က သူတို့ကို သူတို့ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခဲ့မှန်း မသိခဲ့ကြတာ ဝမ်းနည်းစရာပါပဲ။

 

>>    လေဖြတ်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ?

၁။       သွေးတိုး ရှိနေရင်တော့ သွေးတိုးကို အစားအစာနဲ့ ဆေးဝါးအားဖြင့် ထိရောက်စွာ ထိန်းချုပ်ကုသတာက လေမဖြတ်စေဖို့ အကောင်းဆုံး ကာကွယ်နည်းပါတဲ့။

၂။       သွေးတွင်းကို လက်စထရောများရင်   သွေးကြောထဲမှာ  ပိတ်ဆို့မှုဖြစ်လာပြီး သွေးစီးဆင်းမှုကို ရပ်တန့်ပြတ်တောက်စေပါတယ်။ ဒါကြောင့် အဆီအဆိမ့်ရှောင်ပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်ကြရအောင်။

၃။       နှလုံးစည်းချက်မမှန်တဲ့ ရောဂါရှိနေရင်တော့ ဆရာဝန်က သင့်ကို လိုအပ်တဲ့ သွေးကျဲဆေးတွေပေးပြီး လေမဖြတ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

၄။       ဆီးချိုရောဂါကတော့ နှလုံးနဲ့ လေဖြတ်ရောဂါတွေဖြစ်ဖို့ အလားအလာ အများဆုံးပါပဲ။ လေမဖြတ်ချင်ရင်တော့ ဆီးချိုကို သေချာစွာ ထိန်းချုပ်ကုသဖို့ အရေးကြီးပါတယ်နော်။

၅။       သွေးနီဥတွေ ပုံစံမမှန်တဲ့   ရောဂါရှိနေခြင်းက လေဖြတ်ဖို့ အလားအလာ အလွန်များစေပါသတဲ့ အကြောင်းရင်းကတော့ မူမမှန်သွေးဆဲလ်တွေက စုပုံသွားပြီး ဦးနှောက်သွေးကြောတွေမှာ ခဲပြီး ပိတ်သွားတတ်တာ ဖြစ်ပါတယ်။

၆။       ဝ လည်း ဝ၊ အစားကလည်း မရှောင်၊ အရက်ကလေးကလည်း တမြမြဆိုရင်တော့ အရက်ဖြတ်ပြီး လေဖြတ်အန္တရာယ်ကို ကာကွယ်လိုက်ပါလို့။

၇။       အချိုရည် ကြိုက်လွန်းတာကလည်း လေဖြတ်စေတဲ့ အကြောင်းမို့ ကြိုက်တတ်သူတွေ သတိထားနော်။

၈။       ဆေးလိပ်သောက်တာက သွေးကြောတွေကို တင်းမာစေပြီး လေဖြတ်အန္တရာယ် မြင့်တက်စေပါတယ်။

၉။       အဝလွန်တာက သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကို လက်စထရောတွေ မြင့်တက်စေတာမို့ လေဖြတ်ဖို့ အလားအလာ အများဆုံးပါတဲ့။

၁၀။     နုပျိုချင်လို့ ဟော်မုန်း အစားထိုးကုသခါမှ လေဖြတ်စေတဲ့ အန္တရာယ် မြင့်တက်လာတတ် သေးတယ်နော်။

၁၁။     စိတ်ဖိစီးတာတွေ / ခေါင်းကိုက်ရောဂါအထွေထွေနဲ့ သနေ္ဓတားဆေးတွေကလည်း မထင်မှတ်ဘဲ လေဖြတ်စေပါတယ်နော်။ ဒါ့အပြင် ခုခေတ် လူငယ်တွေကြားက ဆေးခြောက်နဲ့ မူးယစ်ဆုံထိုင်းသော ဆေးဝါးတွေကလည်း လေဖြတ်စေတဲ့ အကြောင်းတွေပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)