လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကင်ဆာကုထုံးကို ပိုမိုအစွမ်းထက်စေကြောင်းတွေ့ရှိ
Pennsylvania တက္ကသိုလ်မှ သုတေသနပညာရှင်များရဲ့ကြွက်များတွင် လေ့လာစမ်းသပ်မှုအရ ကင်ဆာကုထုံးနဲ့ကုသနေတဲ့ ကင်ဆာေ၀ဒနာရှင်တွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပါက ကင်ဆာအကျိတ်ကို ပိုပြီး ကျုံ့သွားစေနိုင်ကြောင်းစမ်းသပ်တွေ့ရှိခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကင်ဆာဆေး doxorubicin ကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောဆိုင် ရာ ဘေးထွက်ဆိုးကျိုးတွေကို လျော့ပါးသွားစေနိုင်ခြင်း ရှိ/မရှိ လေ့လာမှုတစ်ခုအတွက် ကြွက်အုပ်စုလေးစု ခွဲကာ အုပ်စုနှစ်စုကို doxorubicin ကင်ဆာဆေးထိုးပေးပြီး ကျန်နှစ်စုကို စမ်းသပ်ဆေးထိုးပေးခဲ့ပါတယ်။ ထို့နောက် ကင်ဆာဆေးထိုးထားသောအုပ်စုနှင့် စမ်းသပ်ဆေးထိုးသောအုပ်စုကို တစ်ရက်လျှင် 45 မိနစ်ခန့် လမ်းလျောက်စေခဲ့ပါတယ်။
နှစ်ပတ်အကြာ ပြန်လည်စမ်းသပ်ချက်အရ ကင်ဆာဆေးပေးထားပြီး လေ့ကျင့်ခန်းလုပ်သောကြွက်များ တွင် ကင်ဆာအကျိတ်သိသိသာသာ ကျုံ့သွားကြောင်းတွေ့ရှိရပါတယ်။ ယင်းစမ်းသပ်ချက်အရ လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာနဲ့ပတ်သက်ပြီး သက်ရောက်မှုမရှိပေမယ့် ကင်ဆာအကျိတ်အဖုကိုတော့ သိသိသာသာကျုံ့သွားစေနိုင်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။
သုတေသနပညာရှင်တွေအနေနဲ့ ဆေးဝါးဒဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ထိခိုက်ခံရမှု ကို လျော့ပါးစေမယ့် နည်းလမ်းတွေရှာဖွေနေပြီး လေ့ကျင့်ခန်းလုပ်ဆောင်မှုဟာများစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သလို ကင်ဆာဆေးဝါးရဲ့ဘေးထွက်ဆိုးကျိုးကို နည်းပါးသွားအောင်လုပ်ဆောင်နိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
CMS






























