လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်ပျော်စေဖို့အထောက်အပံ့ကောင်းတစ်ခုဖြစ်စေတယ်ဆိုပေမယ့်...
နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ညဘက်နှစ်ခြိုက်စွာအိပ်စက်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ရပ်ပါ။ ဒါပေမယ့် တစ်ခုသတိပြုသင့်တာက ညဥ့်နက်မှလေ့ကျင့်ခန်းလုပ်တာမျိုးကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ ညဘက်ကောင်းစွာအိပ်စက်အနားယူသင့်နေချိန်မှ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းကိုလုပ်လိုက်ခြင်းကြောင့် လူကိုတက်ကြွသွားစေတဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကိုအချိန် 6 နာရီကြာ မြင့်တက်နေစေနိုင်တာကြောင့် လွယ်လင့်တကူအိပ်မပျော်စေနိုင်တော့ပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ချိန်ပုံမှန်ထားပါ။ တနေ့တာရဲ့လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်က ကိုယ်အပူချိန်ကျနေတဲ့ မနက်အစောပိုင်းဖြစ်ပါတယ်။ မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်တောင် ညနေဘက် ညအိပ်ရာမ၀င်မီ 2-3 နာရီအလိုလောက်ကတည်းက လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်းလုံး၀မလုပ်သင့်ပါ။
CMS (www.drmyanmar.com)






























