လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေထိုင်ပါ
မလှုပ်မရှား နေထိုင်မှုပုံစံဟာ နှလုံးရောဂါဖြစ်နှုန်းကို များစေနိုင်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ နေ့တိုင်း ပုံမှန်လုပ်ကိုင်နေကျဖြစ်တဲ့ ပန်းပင် ပျိုးပင် ပေါင်းသင်စိုက်ပျိုးတာ၊ အိမ်အလုပ်လုပ်တာတွေကလည်း နှလုံးရောဂါဖြစ်နှုန်း ကျစေနိုင်တယ်တဲ့။ ဒါပေမဲ့ နှလုံးအတွက် အကောင်းဆုံး လေ့ကျင်ခန်းကတော့ အေရိုးဗစ်လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းမျိုးဟာ သွေးတွင်း ကိုလက်စထရောကျစေတဲ့အပြင် သွေးပေါင်၊ အဆီ၊ စိတ်ဖိစီးမှုတွေအားလုံးကို ကျစေနိုင်တယ်။ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန်ချတာလိုမျိုး အခြားလူနေမှုပုံစံ အပြောင်းအလဲတွေကို ပေါင်းလုပ်ခြင်းက နှလုံးအတွက် ပိုကောင်းပါတယ်။
နေ့တိုင်းမဟုတ်တောင် တစ်ပတ်မှာ ရက်အတော်များများကို အနည်းဆုံး မိနစ် ၃၀ လောက် သာမန်ပြင်းထန်မှု လေ့ကျင့်ခန်းလေးလုပ်ဖို့ ကြိုးစားပါ။ ၁၀ မိနစ်လောက်စီနဲ့ မိနစ် ၃၀ စာလောက် လုပ်ပေးလို့လည်း ရပါတယ်။ ပြီးတော့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးနော်။ နှလုံးဖောက်ဖူးရင်တောင်မှ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် နောက်ပိုင်းထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင်းခန်းစမလုပ်ခင်မှာ ဆရာဝန်နဲ့အရင် တိုင်ပင်ကြည့်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























