ဝမ်းချုပ်နေလား၊ ဒါတွေစား
ဒီနေ့ခေတ်ကြီးမှာ ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေ (အထိုင်များတာ) ကြောင့်ရော၊ စားတဲ့ အစားအသောက်တွေကြောင့်ပါ ဝမ်းချုပ်တဲ့ပြဿနာကို တော်တော်များများမှာ တွေ့လာရပါတယ်။ ဒါကို သက်သာစေမယ့် အစားအသောက်တွေကို ကြည့်လိုက်ရအောင် ...
၁။ စတော်ဘယ်ရီ
ဗီတာမင်စီ တွေ အများကြီးပါလို့ ကိုယ်ခံအားကို ကောင်းစေတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် တစ်ရက် နည်းနည်းစီ စားပေးတာကေးတာက ဝမ်းမှန်စေမှာပါ။
၂။ ဒိန်ချဉ်
တခြားနို့ထွက် ပစ္စည်းတွေက ဝမ်းချုပ်တာကို ပိုဆိုးစေပေမယ့် ဒိန်ချဉ်ကတော့ ဝမ်းကောင်းစေပါတယ်။ ဒါ့အပြင် Probiotics ပါတာကြောင့် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
၃။ ဆီးသီး
ဆီးသီးကတော့ ကြွက်သားတွေကို ဖြေလျော့ပေးပြီး သဘာဝဝမ်းပျော့ဆေးအနေနဲ့ အလုပ်လုပ်ပါတယ်။ သကြားအစားထိုးပစ္စည်းတွေနဲ့ မတည့်ရင်တော့ ဆီးသီးကို ရှောင်သင့်ပါတယ်။
၄။ အုတ်၊ ဂျုံ
အစာချေဖျက်ရတာ လွယ်ကူစေတဲ့အပြင် ဝမ်းချုပ်တတ်ရင် မနက်စာအနေနဲ့ ရွေးစားသင့်ပါတယ်။
၅။ ပန်းဂေါ်ဖီစိမ်း
အသီးအရွက်ကို လုံလောက်စွာ မစားရင် ဝမ်းချုပ်တတ်ပါတယ်။ ပန်းဂေါ်ဖီတစ်ခွက်ဟာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၀% ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
၆။ ဗန်ဒါစေ့
သူ့မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဆီ၊ အာဟာရတွေအပြင် ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်တွေလည်း ပါပါတယ်။ ဒါပေမဲ့ သင့်တင့်ရုံလောက်ပဲ စားသင့်ပါတယ်။
၇။ ဂျုံဖွဲ
သူ့မှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါတာကြောင့် အူထဲကအစာတွေကို မြန်မြန်ရွေ့လျားစေပါတယ်။
၈။ ကီဝီသီး
ကီဝီသီးမှာ ပါတဲ့ အင်ဇိုင်းတစ်မျိုးဟာ အူလမ်းကြောင်း လှုပ်ရှားမှုကို အားပေးသလို အစာချေတာကို လွယ်ကူစေပါတယ်။ အမျှင်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။
၉။ စွပ်ပြုတ်
အစာချေလွယ်စေတဲ့အပြင် အာဟာရတွေလည်း အများကြီး ပါဝင်ပါတယ်။ ဝမ်းပျော့စေပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ စမုန်နက် အူလမ်းကြောင်းက ကြွက်သားတွေကို ဖြေလျော့စေလို့ ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့အပြင် ဗိုက်ဝ၊ လေထိုးတာကိုပါ သက်သာစေပါတယ်။
၁၀။ သင်္ဘောသီး
အစာခြေတဲ့နေရာမှ အထူးသဖြင့် ပရိုတိန်းကို ခြေဖျက်ရာမှာ ကူညီပေးတယ်။ ဝမ်းချုပ်တာ၊ ဗိုက်ပွတာတွေကို သက်သာစေပါတယ်။
၁၁။ ပဲပုပ်အချဉ်
အူလမ်းကြောင်းကို အားကောင်းစေလို့ ဝမ်းပျက်၊ ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။ ဝမ်းလည်း မှန်စေတယ်။
၁၂။ ချင်း
ပျို့အန်တဲ့နေရာမှာ လည်းသုံးနိုင်သလို အစာကြေစေပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုကိုလည်း မြန်စေပါတယ်။
၁၃။ ကင်မ်ချီ
အသီးအရွက်တွေကို အချဉ်ဖောက်ထားတဲ့ ကင်မ်ချီမှာ probiotic တွေ ကြွယ်ဝစွာပါလို့ အစာကြေစေတယ်၊ ဝမ်းမှန်စေပါတယ်။
၁၄။ ပူစီနံ
အစာကြေစေတယ်၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်တာတွေကိုလည်း သက်သာစေပါတယ်။
Dr. Htar (www.drmyanmar.com)






























