/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်း…ဘာကြောင့်လျှောရတယ်

ဝမ်း…ဘာကြောင့်လျှောရတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အူလမ်းကြောင်းမှ အရည်တွေကိုမစုပ်နိုင်တဲ့အခါ (သို့) အူမှအရည်တွေ စိမ့်ထွက်လာတဲ့အခါမှာ ဝမ်းလျှောလေ့ရှိပါတယ်။

 

1. ရုတ်တရက်ဝမ်းလျှောခြင်းဖြစ်စေတဲ့ အကြောင်းအရင်းများ

 

        ဝမ်းလျှောခြင်းဆိုတာ အူလမ်းကြောင်းအတွင်းပိုးဝင်တာကြောင့် အူရောင်ပြီးဖြစ်ရတဲ့ရောဂါလက္ခဏာ တစ်ခုပဲဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့ -

- ဗိုင်းရပ်စ်ပိုးများ (norovirus, rotavirus)

- ဘက်တီးရီးယားပိုးများ (Campylobacter, Clostridium difficile, E.coli, salmonella, Shigella) အစာအဆိပ်သင့်ခြင်း

- ကပ်ပါးပိုးများ (Girardia intestinalis - မသန့်ရှင်းသောရေမှတဆင့် ကူးစက်ခြင်းဖြစ်)

 

အခြားအကြောင်းအရင်းများ

        ခဏတာသာဖြစ်စေတဲ့ ဝမ်းလျှောခြင်းအကြောင်းအရင်းများမှာ -

- မသန့်ရှင်းတဲ့ အစားအစာများကိုစားသုံးခြင်းကြောင့် အစာအဆိပ်သင့်ခြင်း

- စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပန်ခြင်း

- အရက်အလွန်အကျွံသောက်ခြင်း

- ကော်ဖီအလွန်အကျွံသောက်ခြင်း

- အစာနှင့်ဓာတ်မတည့်ခြင်း

- အူအတက်ရောင်ခြင်း

- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (သို့) ဆေးဝါးများကြောင့် အူနံရံများပျက်စီးခြင်း

- အူလမ်းကြောင်းသို့ သွေးထောက်ပံ့မှုနည်းသွားသောကြောင့် အူပျက်စီးခြင်း (ဥပမာ - အူကျွံခြင်း)

 

2. နာတာရှည် ဝမ်းလျှောစေသည့်အကြောင်းအရင်းများ

        ရက်သတ္တပတ် 4 ပတ်ထက်ပို၍ ဝမ်းလျှောခြင်းကို နာတာရှည်ဝမ်းလျှောခြင်းလို့ သတ်မှတ်လေ့ရှိပါတယ်။

          နာတာရှည်ဝမ်းလျှောစေတဲ့ အခြေအနေတွေကတော့ -

- အကြောင်းအရင်းမသိဘဲ အူလမ်းကြောင်းလုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်သောရောဂါ (irritable bowel syndrome)

- အသားဓာတ်တစ်မျိုး (gluten) ကို မခံနိုင်တဲ့အစာခြေလမ်းကြောင်းရောဂါ (Coeliac disease)

- အစာခြေစနစ်၏ နံရံများရောင်ရမ်းစေတဲ့ရောဂါ (Crohn’s disease)

- အဆုတ်နဲ့ အစာခြေစနစ်ကို ထိခိုက်စေတဲ့ မွေးရာပါရောဂါ (cystic fibroses)

- ဆီးချိုရောဂါ

- အူမကြီးမှ အတက်ငယ်လေးများစွာ ထွက်နေသောရောဂါ (diverticular disease)

- အစာအိမ်တစ်စိတ်တစ်ဒေသအား ခွဲစိတ်၍ ဖယ်ရှားခြင်း (ဥပမာ - အစာအိမ်ကင်ဆာကုသရန်)

- နို့မှာပါရှိတဲ့ သဘာဝသကြားဓာတ် (lactose) ကို ခံနိုင်ရည်မရှိခြင်း

- အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတစ်မျိုး (microscopic colitis)

- နာတာရှည် ပန်ကရိယရောင်ရမ်းသောရောဂါ

- အူမကြီးကို ရောင်ရမ်းစေတဲ့ရောဂါအခြေအနေ (ulcerative colites)

- အူလမ်းကြောင်းကင်ဆာ - ဝမ်းလျှောစေရုံသာမက ဝမ်းထဲ၌သွေးပါစေနိုင်ခြင်း

 

3. ဆေးဝါးများကြောင့် ဝမ်းလျှောခြင်း

        အမျိုးမျိုးသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းလျှောစေနိုင်ပါတယ်။

- ပဋိဇီဝဆေးဝါးများ

- မဂ္ဂနီဆီယမ်ပါတဲ့ အစာအိမ်ရောဂါကုသရာမှာအသုံးပြုသော အစာအိမ်ဆေးများ

- ဓာတုကုထုံးဖြင့် ကုသရာမှာ အသုံးပြုသော ဆေးအချို့

- စတီးရွိုက်မပါဝင်သော အကိုက်အခဲပျောက်ဆေးများ

- စိတ်ကျရောဂါကုသသော ဆေးအချို့ (ဥပမာ - SSRI)

- သွေးတွင်းအဆီဓာတ်ကျစေသော ဆေးများ

- ဝမ်းနှုတ်ဆေးများ

Dr. Thinzar Wynn

www.drmyanmar.com