ဝိတ်ကျဖို့အတွက် အထောက်အပံ့ဖြစ်တဲ့ ပရိုတင်းဓာတ်
ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန်ကျစေဖို့ အဓိကကျကြောင်း လေ့့လာမှုအသစ်တစ်ခုက အတည်ပြုထားပြီး ပရိုတင်းဓာတ်များတဲ့ အစားအစာတွေဟာ စားသုံးသူကို ပြည့်အင့်စေပြီး တော်ရုံနဲ့ ဗိုက်ထပ်မဆာစေတာကြောင့် ၀ိတ်ကျစေဖို့အထောက်အပံ့ဖြစ်စေတယ်လို့ Indiana ရှိ Purdue University မှ သိပ္ပံပညာရှင် တို့က ဆိုပါတယ်။
လေ့လာမှုရဲ့ ခေါင်းဆောင်ဖြစ်သူ Dr. Richard Mattes က ပရိုတင်းဓာတ်ဟာ Satiety Hormone (ကျေနပ်တင်းတိမ်ခြင်းကို ဖြစ်စေတဲ့ဟော်မုန်း) တစ်နည်းအားဖြင့် အချိန်ကြာကြာဗိုက်ပြည့်နေစေအောင် ကူညီပေးတဲ့ဟော်မုန်းကို ထွက်စေနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ပရိုတင်းမြင့်မားစွာပါ၀င်လေလေ Satiety Hormone အထွက်များလေလေဖြစ်တယ်လို့လဲ ဆိုပါတယ်။ ဒါပေမယ့် အချိန်ကြာကြာဗိုက်ပြည့်နေစေဖို့ ပရိုတင်းပမာဏ ဘယ်လောက်လိုသလဲဆိုတာကိုတော့ အတိအကျ မဆုံးဖြတ်နိုင်သေးပါဘူး။
ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် ပရိုတင်းဓာတ်မြင့်မားစွာပါ၀င်တဲ့ အစားအစာတွေဖြစ်တဲ့ အဆီဖယ်ထားတဲ့ အမဲသား၊ ဥအမျိုးမျိုး၊ အခွံမာအသီးနှင့် အစေ့အဆန်များ၊ အရေခွံမပါတဲ့ ကြက်သား၊ ဒိန်ခဲ၊ Greek ဒိန်ချဉ်၊ ငါး၊ နို့၊ ၀က်ပေါင်သား ၊ တို့ဟူး စတာတွေကို ရွေးချယ်စားသင့်ကြောင်း လေ့လာသူတွေက အကြံပြုထားပါတယ်။
CMS (www.drmyanmar.com)






























