/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်ခေါင်းအုံးက-ဇက်ကြောတက်ခြင်းရဲ့-အဓိကတရားခံဆိုတာ-သင်-သိပါသလား

သင့်ခေါင်းအုံးက ဇက်ကြောတက်ခြင်းရဲ့ အဓိကတရားခံဆိုတာ သင် သိပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယနေ့ခေတ်တွင် လူတိုင်းလိုလိုဟာ ညအိပ်ရာ၀င်ခါနီးတိုင်း ခုတင်ပေါ်လှဲပြီး facebook လေး သုံးရင်းဖြင့် အိပ်ပျော်တတ်ကြပါတယ်။ ထိုသို့ စမတ်ဖုန်းနှင့် ကွန်ပျူတာများကို ကြာရှည်အသုံးပြုခြင်းက သင့်ဇက်ကြောကို နာကျင်စေပြီး ညအိပ်စက်ချိန်တွင် ခေါင်းကို မော့ထားရခြင်းက ဇက်ကြော နာကျင်ခြင်းကို ပိုလို့ဆိုးစေပါတယ်။ သင့်ခေါင်းဟာ မွေ့ရာနှင့် မျဉ်းပြိုင်အနေအထားတွင် သက်သောင့်သက်သာရှိစေဖို့ သင်ရွေးချယ်သော ခေါင်းအုံးက အရေးကြီးပါတယ်။

          ယခုဆောင်းပါးတွင် သင်ရွေးချယ်သင့်သော ခေါင်းအုံးအမျိုးအစားများကို ခွဲခြားတင်ပြသွားမှာ ဖြစ်ပါတယ်။

 

(၁)    သင့်ကိုယ်နေဟန်ထားနှင့် လိုက်လျောညီထွေရှိသော ခေါင်းအုံးအမျိုးအစားက အကောင်းဆုံး ဖြစ်ပါတယ်။

          လည်ပင်းနေရာတွင် အမြှောင်းပါသော ခေါင်းအုံးများကို အသုံးပြုသင့်ပါတယ်။ သင့်ခေါင်းဟာ ခေါင်းအုံးရဲ့ အလယ်နေရာတွင် ချိုင့်၀င်ပြီး သင့်လည်ပင်းကတော့ ခေါင်းရဲ့ဘေးရှိ အနည်းငယ် ပိုမြင့်သော တစ်ဖက်တစ်ချက်တွင် ရှိနေသင့်သည်။

 

(၂)    Latex ဖြင့် ပြုလုပ်သော ခေါင်းအုံးများကို ရွေးချယ်ပါ။

          ရိုးရိုး ရေမြှပ်ခေါင်းအုံးများထက် Latex ဖြင့် ပြုလုပ်သော ခေါင်းအုံးများက ပိုပြီး သက်သောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။ ထို့ပြင် Latex ခေါင်းအုံးက အေးမြတာမို့ နှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မယ်။

 

(၃)    ငှက်မွေးဖြင့် ပြုလုပ်သောခေါင်းအုံးများက ဇက်ကြောတက်ခြင်းကို ပိုဆိုးစေပါတယ်။

          ငှက်မွေးခေါင်းအုံးများက ဈေးသက်သာတာ မှန်ပေမယ့် လည်ပင်းနေရာကို တောင့်တင်းနေစေပါတယ်။ ခေါင်းလှုပ်ရှားတိုင်း ငှက်မွေးများပါ လှုပ်ရှားတာမို့ သက်သောင့်သက်သာ ဖြစ်မနေစေပါဘူး။

 

(၄)    ဂျုံစေ့ဖြင့် ပြုလုပ်သော ခေါင်းအုံးများက နားဆူစေပါတယ်။

          ဂျုံစေ့ခေါင်းအုံးတွေဟာ လေ၀င်လေထွက် ကောင်းမွန်စေတာမို့ အိပ်ရတာ အေးမြနေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဂျုံစေ့တွေက အသံမြည်နေမှာမို့ သင် အိပ်ရတာ အနှောင့်အယှက် ဖြစ်နိုင်တယ်နော်။

 

(၅)    ဖက်ခေါင်းအုံးများကိုလည်း အသုံးပြုနိုင်ပါတယ်။

          သင်ဟာ မှောက်အိပ်တတ်သူဆိုပါက ဖက်ခေါင်းအုံးအသုံးပြုခြင်းဖြင့် သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ကို်ယ်၀န်ဆောင်သည်များအနေဖြင့် ကိုယ်၀န်သည်သုံး ဖက်ခေါင်းအုံးများကို အသုံးပြုခြင်းဖြင့် ကိုယ်နေဟန်ထား မှန်ကန်စေပါတယ်။

 

(၆)    နူးညံ့သောမွေ့ရာကို အသုံးပြုပါ။

          မာကျောသောမွေ့ရာကို အသုံးပြုခြင်းဖြင့် ခေါင်းအုံးကိုလည်း မာတာ ရွေးရပါလိမ့်မယ်။ မွေ့ရာမာမာပေါ်တွင် အိပ်ပါက ခါးနာစေပြီး သက်သောင့်သက်သာရှိစေမှာ မဟုတ်ပါဘူး။ နူးညံ့အိစက်သော မွေ့ရာများကို အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးဟာ မွေ့ရာထဲ နစ်၀င်နေမှာဖြစ်ပြီး သက်သောင့်သက်သာရှိစွာ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။

          ကဲ ... သင်ကော ဘယ်လို ခေါင်းအုံးကို  အသုံးပြုနေလဲ? ခေါင်းအုံးနှင့် မွေ့ရာကို မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် ဇက်ကြောတက်ေ၀ဒနာနှင့် ခါးနာခြင်းများ တစ်စိတ်တစ်ပိုင်း သက်သာနိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)