သင့်ခြေထောက်ဆီသို့ သွေးစီးဆင်းမှု ကောင်းစေဖို့ ...
သင်ဟာ ခြေဖျားများ အမြဲတစေ အေးစက်နေခြင်း သို့မဟုတ် ခြေထောက်ထုံကျဉ်ခြင်းကို မကြာခဏ ခံစားနေရတတ်တယ် ဆိုရင်တော့ သင့်ခြေထောက်တွေဆီသို့ သွေးစီးဆင်းမှု အားနည်းနေတာ သေချာသလောက်ပါပဲ။
>> သင့်ခြေထောက်များကို ဂရုစိုက်ပါ
● အထိုင်များသူများအနေနဲ့ ခြေထောက်နဲ့ ခြေချောင်းများကို လှုပ်ရှားပေးဖို့ မမေ့ပါနဲ့။
● နေ့ခင်းဘက် အချိန်ရရင်ရသလို ခြေထောက်များကို တစ်ဖက်ချင်းစီ အကြောဆန့်ပေးပါ။
● ခြေချောင်းများကို သွေးလှည့်ပတ်မှုကောင်းစေဖို့ နှိပ်နယ်ပေးပါ။
● ခြေစွပ်ဝတ်ဆင်ပါ။
>> ဆေးကုသမှု ခံယူပါ
(၁) သင့်တွင် အောက်ပါ ခြေထောက်သွေးလှည့်ပတ်မှု အားနည်းသည့်လက္ခဏာများ တွေ့ရပါက ဆရာဝန်ထံပြသဖို့ လိုပါလိမ့်မယ်။
● ခြေထောက်များ အေးစက် ထုံကျဉ်ခြင်း
● ခြေထောက်များ ပြာနှမ်းခြင်း
● ခြေဖဝါးကွဲခြင်း၊ အမွေးကျွတ်ခြင်း
● ခြေသည်းများ အလွယ်တကူ ကျိုးပဲ့ခြင်း
● ခြေထောက် ဖောရောင်ခြင်း
(၂) သွေးကောင်းစွာ စီးဆင်းမှုကို တားမြစ်သော ရောဂါများ (ဆီးချို၊ သွေးတိုး၊ Raynaud’s disease ၊ သွေးပြန်ကြောထုံးသည့်ရောဂါ၊ သွေးကြောရောဂါများနဲ့ နှလုံးရောဂါ) ရှိပါက ကုသမှုခံယူပါ။
(၃) သွေးကောင်းစွာ မစီးဆင်းစေသောရောဂါများရှိပါက ဆေးဝါးကုသမှု ခံယူပါ။
(၄) ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြီး ခြေထောက် ကျန်းမာရေးကိုစစ်ဆေးပါ
>> နေထို်င်စားသောက်မှုပုံစံ ပြောင်းလဲပါ
(၁) ဆေးလိပ်ဖြတ်ပါ။
(၂) သွေးပေါင်နဲ့ ကိုလက်စထရောကို ပုံမှန်ထိန်းသ်ိမ်းပါ။
(၃) အဝလွန်သူများ ကိုယ်အလေးချိန် လျှော့ချပါ။
(၄) တစ်ပတ်လျှင် ၃ ရက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ
(၅) ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကိုမြှင့်ပြီး အိပ်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























