/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်မှာသွေးချိုရောဂါရှိလျှင်-သွေးတွင်းသကြားဓာတ်နည်းနေချိန်

သင့်မှာသွေးချိုရောဂါရှိလျှင် သွေးတွင်းသကြားဓာတ်နည်းနေချိန် ကားမမောင်းပါနှင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သွေးတွင်းသကြားဓာတ်နည်းနေချိန်မှာ ကားမောင်းခြင်းဟာ အလွန်အန္တရာယ်များပါတယ်။ ကားမောင်းနေစဉ် ချေွးစေးပြန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတဲ့သွေးတွင်းသကြားဓာတ်နည်းပါးနေတဲ့ လက္ခဏာများ ပေါ်ပေါက်လာပါက ကားကိုချက်ချင်းလမ်းဘေးချရပ်ပြီး သွေးတွင်းသကြားဓာတ်ကို စစ်ဆေးသင့်ပါတယ်။ အခိျုဓာတ်ပါတဲ့ အစားအစာတစ်ခုခုကို စားသုံးပြီး 15 မိနစ်လောက်စောင့်ပြီး တဲ့နောက်မှာ သွေးတွင်းသကြားဓာတ်ပြန်တိုင်းကြည့်ပါ။ အဲဒီအဆင့်တွေကို သွေးတွင်းသကြားဓာတ် ပုံမှန်ရောက်တဲ့အချိန်ထိ လိုအပ်လျှင်ထပ်ကာထပ်ကာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကားပြန်မမောင်းခင် မှာ မြေပဲထောပတ်ဘီစကစ်မုန့်ကြွပ်၊ ချိစ်ဘီစကစ်မုန့်ကြွပ် စသည်တို့ကဲ့သို့ အသားဓာတ်နဲ့ကစီဓာတ်ပါတဲ့ အစားအစာများကိုစားသုံးသင့်ပါတယ်။ ဒါကြောင့်မို့ အပြင်ထွက်တိုင်း ဆီးချိုတိုင်းကိရိယာ၊ အချိုဓာတ်၊ ကစီဓာတ်ပါတဲ့အစားအစာများကို အရေးပေါ်အခြေအနေမှာ အရန်သင့်စားသုံးနိုင်ရန် အမြဲကြိုတင်ဆောင်ထားဖို့ လိုပါတယ်။

 

 

Dr. Thanda Lin

 www.drmyanmar.com