သင့်မှာ လေးဖက်နာရောဂါ ဖြစ်နေပြီလား
ကမ်ဘာပေါ်ရှိ လူသား သန်းပေါင်းများစွာဟာ အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို နေ့စဉ် ခံစားနေရပါတယ်။
အရိုးအဆစ်များ နာကျင်ခြင်းသည် အလှုပ်အရှား များလွန်းခြင်း၊ အလေးအပင်များ မခြင်း၊ အဝလွန်ခြင်း စသော အကြောင်းအရာများကြောင့် ဖြစ်နိုင်သလို လေးဖက်နာရောဂါကြောင့်လည်း ဖြစ်နိုင်ပြီး အကြောင်းရင်းကို သေချာခွဲခြားဖို့ အရေးကြီးပါတယ်။
အချို့သောဖြစ်စဉ်များတွင် လေးဖက်နာရောဂါလက္ခဏာများဟာ မသိသာတာမို့ ရောဂါကို သေချာ အဖြေမရှာနိုင် ဖြစ်တတ်ပါတယ်။
သင့်တွင် အောက်ပါလက္ခဏာများ ပိုင်ဆိုင်ပါက လေးဖက်နာရောဂါရှိနေပြီ ဖြစ်တာမို့ သမားတော်တစ်ဦးဦးနှင့် တိုင်ပင်ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
● ထိခိုက်ဒဏ်ရာမရှိဘဲ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
● မနက်အိပ်ရာနိုးချိန်တွင် အဆစ်များ တောင့်တင်းနာကျင်ခြင်း၊ အရိုးအဆစ်များ ဖောင်းလာခြင်း၊ ဖျားနာခြင်း
● အရိုးအဆစ်များ ကိုက်ခဲခြင်းနှင့်အတူ ကိုယ်ခန္ဓာပေါ်တွင် အနီစက်များ ထွက်လာခြင်း
● ခါးနာခြင်း
စသည်တို့ဖြစ်ပါတယ်။
သမားတော်များအနေဖြင့် နာကျင်ကိုက်ခဲမှုများကို သက်သာစေဖို့ ခွဲစိတ်ရန်မလိုသော နည်းများဖြင့် ကုသပေးမှာ ဖြစ်ပါတယ်။ ဆေးဝါးများနှင့်အတူ လေ့ကျင့်ခန်းများ၊ လူနေမှုပုံစံ ပြောင်းလဲခြင်းများ၊ အဆစ်များအတွင်း ဆေးထိုးခြင်းစသော လိုအပ်သည့် ကုသမှုများကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တစ်ခါတလေမှာ လေးဖက်နာရောဂါရှိသူများအနေဖြင့် ချော်လဲခြင်း ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်တဲ့အခါမှာ နာကျင်မှု ပိုမိုဆိုးဝါးလာတာမျိုး ရှိတတ်ပါတယ်။ ထိုသို့သောအခါမျိုးတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို မဆောင်ရွက်နိုင်ခြင်း၊ အလေးအပင်များ မ,မနိုင်ခြင်းနှင့် အလွန်နာကျင်ခြင်းတို့ရှိပါက အရိုးအဆစ်ဆိုင်ရာ ခွဲစိတ်ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။
သင်ဟာ ရက်သတ္တပတ် အနည်းငယ်ကြာအောင် အရိုးအဆစ်များ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ရှိနေပါက သင့်မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသပါ။ လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ပြီး ဆေးကုသမှုခံယူပါလို့ အကြံပေး ပြောကြားလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























