/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်ဟာ-အငန်ကြိုက်သူတစ်ဦးလား

သင်ဟာ အငန်ကြိုက်သူတစ်ဦးလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လူတိုင်းနီးပါး အငန် ကြိုက်တတ်ကြပါတယ်။ ဆားမပါတဲ့ဟင်း အရသာမရှိဆိုတဲ့ စကားပုံလိုပဲ ဆားဟာ အစားအစာနီးပါးကို အရသာပိုရှိစေတာ အမှန်ပါ။ သို့သော် လိုတာထက်ပိုပြီး ဆားလွန်ကဲစွာ နှစ်ခြိုက်သူများလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် ရေဓာတ်နည်းနေတဲ့အချိန်မျိူးဆို အငန်ဓာတ်ကို ပိုတောင့်တတတ်ပါတယ်။ အကြောင်းရင်းကတော့ အငန်ဓာတ်က သင့်ကိုယ်ထဲတွင် အရည်ဓာတ်များ ပိုမိုရှိဖို့ရာ ကူညီပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ သို့သော် ရုတ်တရက် အငန်ကြိုက်ခြင်းနဲ့ လွန်ကဲစွာ အငန်တောင့်တခြင်းတို့ ဖြစ်ပေါ်လာပြီဆိုပါက အောက်ပါအကြောင်းရင်းတွေ ရှိ၊ မရှိ ဆန်းစစ်သင့်ပါပြီ။
    Adrenal gland ကနေ သင့်ကိုယ်ခန္ဓာတွင်းရှိ ဆားဓာတ်များကို မျှတအောင် ပြုလုပ်ပေးပါတယ်
    Adrenal gland ဟာ ကျောက်ကပ်အပေါ်တွင်ရှိပြီး သူကနေ ထွက်ရှိတဲ့ aldosterone နဲ့ cortisol ဟိုမုန်းတွေကနေ သင့်ကိုယ်တွင်းရှိ အရည်နဲ့ဆားဓာတ်များကို မျှတအောင် ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။
    အငန်တောင့်တခြင်းဟာ Addison’s disease ရဲဲ့ ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
    Adrenal gland များ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့် cortisol hormone မမျှတသောအခါ Addison’s disease လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပေါ်လာပါတယ်။ လူတစ်သိန်းတွင် တစ်ယောက်သာဖြစ်သော ရှားပါးရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထိုရောဂါအပြင် adrenal glandက်ိုပျက်စီးစေသော အခြားရောဂါတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ -
●    ကင်ဆာ
●    infection ဝင်ခြင်း
●    ဆေးဝါးများ
●    ကိုယ်ဝန်ရှိချိန်နဲ့ ကလေးမီးဖွားချိန်
●    ခွဲစိတ်ခြင်းနဲ့ ဓာတ်ကင်ခြင်း
    Addison’s disease ဖြစ်သူတွေရဲ့ ၁၆ ရာနှုန်းတွင် အငန်တောင့်တခြင်း ဖြစ်ပေါ်တတ်ပြီး ဗို်က်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားမည်းလာခြင်း၊ ဝမ်းပျက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းတို့ပါ ကြုံတွေ့ရတတ်ပါတယ်။
    သင်ဟာ အငန်ဓာတ်လွန်ကဲစွာ နှစ်သက်နေသူဖြစ်ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ရောဂါအဖြေရှာခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)