သတိထားသင့်တဲ့ အရေပြားပေါ်က အပြောင်းအလဲများ
အရေပြားကင်ဆာလို့ ပြောလိုက်တာနဲ့ တခြားကင်ဆာတွေလိုပဲ ဇိဝိန်ခြွေသွားနိုင်တဲ့ပြင်း ထန်ရောဂါတစ်ခုဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေပြားကင်ဆာ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုဖြစ်လာလဲ့ဆိုတာတော့ သိကြသူနည်းနိုင်ပါတယ်။ အရေပြားကင်ဆာ အတော်များများဟာ နေရောင်ခြည်ဒဏ်ကို အဆက်မပြတ်ခံရတဲ့ အရေပြားပေါ်မှာ စတင်ဖြစ်ပွားလာတဲ့ မူမမှန် အကျိတ်တစ်မျိုး ဖြစ်ပါတယ်။ နေသိပ်ပူတဲ့ လတွေမှာ နေပူဒဏ်ကြောင့် မှဲ့ခြောက်တွေထွက်တာ မဆန်းပေမယ့် အဖုအကျိတ်တွေ စတင်တွေ့ရှိလာရရင်တော့ အရေပြားကင်ဆာကို သတိထားကြဖို့ ဖြစ်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်သုံးမျိုးမှာ UVC က အဆိုးဝါးဆုံးဖြစ်ပြီး အရေပြားအတွင်းလွှာထဲ ဖောက်တွင်းဝင်ရောက်ကာ အရေပြားဆဲလ်တွေကို အသွင်ပြောင်းကာ ကင်ဆာအကျိတ်အဖြစ် စတင်ကြီးထွားလာစေပါတယ်။
အရေပြားကင်ဆာကျိတ်တွေဆိုတာ
● အရေပြားပေါ်မှာ အနာလိုလို၊ မီးလောင်ဖုလိုလို၊ အမည်းဖု စထွက်မယ်။
● အနားသားမညီညာဘူး / အပေါ်ယံလွှာ မချောမွေ့သူ
● ထိရင်သွေးထွက်မယ်၊ အသားပိုလို အဖုလိုရှိနေမယ်
● တဖြည်းဖြည်းချင်း ကြီးလာမယ်
● ဘာဆေးလိမ်းလိမ်းမပျောက်တဲ့ အနာအဖြစ် တည်နေမယ်။
အသားဖြူသူ၊ လတ်သူတွေမှာ ပိုအဖြစ်များပြီး အသားမည်းသူ ညိုသူတွေကတော့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိကြပါတယ်။ လယ်သမားတွေရဲ့အပေါ် နှုတ်ခမ်းပေါ်က နှုတ်ခမ်းစွန်းနေရာမှ ဖြစ်တဲ့ အရေပြားကင်ဆာတွေဟာ နေရောင်ခြည်ကို အဆုံးအဆမရှိ နှစ်ပေါင်းများစွာ ထိတွေ့လာရလို့ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာနာ စဖြစ်ပြီး သတိမထားမိလို့ နေရောင်ဒဏ်ကို ဆက်ခံရတဲ့အခါ ကင်ဆာဟာ ပိုမိုကျယ့်ပြန့်ကြီးထားလာပြီး မြန်မြန်ဒုက္ခပေး ဇီဝိန်ခြွေနိုင်တာကို သတိပြုမိကြဖို့ ဖြစ်ပါတယ်။ အရေပြားကင်ဆာအကြောင်း ပြောကြတဲ့အခါ အရေပြားပေါ်က မူမမှန်အရောင်ပြောင်းတတ်တဲ့မှဲ့တွေ အကြောင်းကလည်း မေ့လို့မဖြစ်ပါဘူး။ တကယ်လို့ မှဲ့တွေ ဒီလိုလက္ခဏာတွေ ရှိလာခဲ့ရင် သတိထားပါ။ ကင်ဆာအသွင်ပြောင်း နေနိုင်ပါတယ်။ မှဲ့တွေကို သွားမဆွပါနဲ့။ မကုတ်ဖဲ့ပါနဲ့။
● မှဲ့ကရှိရင် ခွဲအရွယ်ထက်ပိုကြီးလာတယ်၊ ပုံသဏ္ဌာန် စပြောင်းလာမယ်
● သွေးထွက်မယ်၊ အဖုအကျိတ် တည်လာမယ်
● နီမယ်၊ ရောင်မယ်၊ ယားမယ်
● အနာဖြစ်မယ်၊ အနာတော်တော်နဲ့ မကျက်ဘူး
● အရေပြားအပေါ်ကို ကြွတက်လာမယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























