သတိပြုဖွယ် အရိုးကင်ဆာအန္တရာယ်
ခြေထောက်မှာ သူ့အလိုလို ထွက်ပေါ်လာတဲ့ အဖုတစ်ခုက ကင်ဆာဖြစ်လာလိမ့်မယ်ဆိုတာ ဘယ်သူက ထင်မိမှာလဲ။
အားကစားသမားတစ်ဦးဖြစ်တဲ့ ခရစ်ကင်းရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အားကစားလုပ်နေရင်း ခြေထောက်မှာ အဖုလေးတစ်ခု ထွက်လာတာကို သတိထားမိပါတယ်။ ဒီ ဘာမှ မပာုတ်ဘူးလို့ သူ တွေးထင်ခဲ့တဲ့ ဘုလေးက သူ့ကို ခွဲစိတ်မှုတွေ အများကြီးအပြင် ကင်ဆာဆေးတွေကိုပါ တစ်နှစ်နီးပါး သွင်းခဲ့ရတဲ့ အခြေအနေကို ရောက်စေခဲ့ပါတယ်။
သူက အားကစားလုပ်နေရင်း ခြေထောက်က ဘုလေးကို သတိထားမိပေမယ့် ခိုက်မိတဲ့အခါ ထွက်လာတဲ့ အဖုအကျိတ်တွေ ဒဏ်ရာတွေလိုပဲ ပေါ့ပေါ့ဆဆပဲ ထားလိုက်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်က အားကစားသင်တန်းဆရာတစ်ယောက် ဖြစ်ဖို့ပါ။ သူ့ရဲ့အိမ်မက်ကို ပျက်စီးစေမယ့်အရာကတော့ သူ ပေါ့ပေါ့လေးပဲ တွေးထားခဲ့တဲ့ အဖုလေးပါ။
တစ်နေ့မှာ အားကစား လေ့ကျင့်ကစားနေတုန်း အဲဒီအကျိတ်လေးကို မတော်တဆ ထိခိုက်မိပါတယ်။ အရမ်းနာတဲ့ ခံစားချက်ကို မျက်ရည်ကျလောက်အောင် ခံစားခဲ့ရပါတယ်။ ချက်ချင်း ဆေးရုံကို ပြသစစ်ဆေးလိုက်တဲ့အခါ ရှားပါးအရိုးကင်ဆာတစ်ခုဖြစ်တဲ့ ဆာကိုးမားအကျိတ် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ခြေထောက်အရိုးတွေကို ခွဲစိတ်ဖြတ်ထုတ်ပြီး အရိုးအစားထိုးခဲ့ရတဲ့အပြင် ကင်ဆာဆေးဝါးတွေ တစ်နှစ်ခွဲနီးပါးခန့် သွင်းပြီး ကုသခဲ့ရပါတယ်။ အမြဲလှုပ်ရှားသွက်လက်နေတဲ့ အားကစားသမားတစ်ဦးအနေနဲ့ အိမ်ထဲမှာ၊ ဆေးရုံမှာ အကြာကြီး အောင်းနေခဲ့ရသလို လမ်းလျှောက်ဖို့ ပြန်လည်သင်ယူရတာကလည်း ဒုက္ခတစ်မျိုးပါပဲ။ ဒါပေမဲ့ ကင်ဆာ မပြန့်ပွားခင် တတ်နိုင်သလောက် ထိန်းချုပ်ကုသတာက အသက်ရှည်ဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ရတယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ခရစ်ပာာ အရိုးကင်ဆာကူသမှုအတွက် ခေတ်မီနည်းပညာတွေ ကုထုံးတွေကို ရှာဖွေဖော်ထုတ်နေတဲ့ သုတေသနပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် ကူညီပေးနေပါတယ်။ ကံမကောင်းလို့ အရိုးကင်ဆာ ခံစားခဲ့ရပေမယ့် အဆိုးထဲက အကောင်းတစ်ခုခုတော့ တွေ့အောင်ရှာနိုင်ခဲ့တဲ့ ခရစ်ရဲ့စိတ်ထားကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























