သတိမေ့ရောဂါ (အယ်လ်ဇိုင်းမား) ကာကွယ်ကြမယ်
ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားမယ်၊ ပုံမှန်လေ့ကျင့်ခန်း လုပ်မယ်၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းမယ်ဆိုရင် သတိမေ့ရောဂါ (အယ်လ်ဇိုင်းမား) မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုတွေမှာ တွေ့ရတယ်။
လေ့လာမှု တစ်ခုအရဆိုရင် ဒီလိုအယ်လ်ဇိုင်းမားဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ လှုပ်ရှားမှုနည်းတာ၊ အဝလွန်တာ စသဖြင့် ပြုပြင်နိုင်တဲ့အချက်တွေကို ပြင်ဆင်လိုက်တယ်ဆိုရင်ပဲ အယ်လ်ဇိုင်းမားရောဂါကို တော်တော်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
အရင်ကတည်းက လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ပုံဟာ နှလုံးနဲ့ ကြွက်သားတွေအတွက် ကောင်းတယ်ဆိုတာ သိထားပြီးသာပါပဲ။ ဒါပေမဲ့ ထပ်ပြီးတော့ တခြားအကျိုးကျေးဇူးတွေကိုပါ သိလာကြပါပြီ။ တချို့သက်ကြီးရွယ်အိုတွေဆိုရင် လမ်းလျှောက်တဲ့နေ့တွေ၊ ဆယ်လ်မွန်လိုမျိုး ငါးမျိုး စားမိတဲ့နေ့မျိုးတွေမှာ မှတ်ဉာဏ်ပိုပြီး တိုးတက်တာကို တွေ့ရတယ်လို့ ဆိုတယ်။
ပြီးတော့ လေ့လာမှုထဲမှာ လူနေမှု အကျင့်တစ်မျိုးတည်းကို ပြုပြင်တာထက်စာရင် တစ်မျိုးထက် ပိုပြီးပြုပြင်ပေးတာက ပိုကောင်းတယ်လို့ိ သိရတယ်။
အကျင့်ကောင်းကို မွေးမြူဖို့ စောလွန်းတယ်၊ နောက်ကျလွန်းတယ်ရယ်လို့ မရှိပါဘူး။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပြီး အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပေးခြင်းဖြင့် ကိုယ်ရောစိတ်ပါ ပိုမိုကျန်းမာလာပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























