သဘာ၀ အိမ်တွင်းပိုးသတ်ဆေးများ
အိမ်တွင်းအသုံးပြုတဲ့ ပိုးသတ်ဖြန်းဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာမို့ သဘာဝပစ္စည်းတွေကို အသုံးပြုချင်သူများအတွက် အလွယ်တကူရရှိနိုင်တဲ့ ပိုးသတ်ဆေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဗီနီဂါအဖြူ
● မြင့်မားတဲ့အက်ဆစ်ဓာတ်ကြောင့် အရာဝတ္ထုများရဲ့ မျက်နှာပြင်ပေါ်ရှိ ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။
● ဘက်တီးရီးယားတွေကို လုံးဝကင်းစင်စေမှာ မဟုတ်ပေမယ့်လည်း ကျန်းမာရေးအတွက် စိတ်ချရတဲ့ ပိုးသတ်သန့်စင်ပေးမယ့်နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။
(၂) ဗော့ကာ
● အယ်ကိုဟော ၄၀ ရာနှုန်း ပါဝင်တဲ့အတွက် မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
● ဘက်တီးရီးယားတွေကို ဖယ်ရှားချင်ရင်တော့ ၁၀၀ ရာနှုန်းစိတ်ချရတဲ့ ဗော့ကာအစစ်ကို အသုံးပြုသင့်ပါတယ်။
(၃) သံပုရာသီး
● Citric acidပါဝင်ပြီး သတ္တုပစ္စည်းတွေကို ပြောင်လက်အောင် အရောင်တင်နိုင်သလို ဘက်တီးရီးယားများကိုလည်း သေစေတဲ့အစွမ်းရှိပါတယ်။
(၄) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
● ၁၉၂၀ပြည့်နှစ်များက ပြတ်ရှဒဏ်ရာများကို ပိုးမဝင်အောင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို အသုံးပြုခဲ့ပါတယ်။
● မှိုများကို သေစေပြီး အစွန်းအထင်းများကို ချွတ်ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။
(၅) Essential Oil
● အနံ့အသက်ကောင်းတဲ့အပြင် စွယ်စုံသုံးလို့ ရပါသေးတယ်။
● ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေပါတယ်။
● အိမ်ရှိ မှိုနဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားဖို့အတွက် essential oils အနည်းငယ်ကို ဗော့ကာ သို့မဟုတ် ရေနဲ့ ဆပ်ပြာရည်တို့ဖြင့် ရောစပ်အသုံးပြုနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























