/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သိပ်အစိုးရိမ်လွန်ရင်လည်း-မကောင်းဘူးတဲ့

သိပ်အစိုးရိမ်လွန်ရင်လည်း မကောင်းဘူးတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျန်းမာရေး သိပ်ဂရုစိုက်ပြီး နည်းနည်းလေးဆိုရင်တောင် အရမ်းပြာနေတတ်တဲ့ သူငယ်ချင်းရှိရင် ပေးဖတ်လိုက်နော်။

●        ငယ်ရွယ်သူတွေမှာ ခေါင်းကိုက်တိုင်း ဦးနှောက်ကင်ဆာ မပာုတ်နိုင်ပါဘူး။ အကျိတ်တည်တာတွေက ရှားပါးရောဂါတွေပါ။ မရပ်မနားကိုက်တာ မနေနိုင်လောက်အောင် ကိုက်တာ၊ တက်တာ၊ မူမမှန်တာတွေ မရှိရင် ဖိစီးမှုကြောင့် ဖြစ်နေတတ်တာတွေ ဖြစ်ဖို့များပါတယ်။ ဆေးသောက်ပြီး နားလိုက်ရင်ရပါပြီ။

●        ရင်တုန်တာက နှလုံးရောဂါရဲ့ နိမိတ်ပုံလို့ မဆိုနိုင်သေးပါဘူး။ အရင်ဆုံး ကိုယ့်အနေနဲ့ ကော်ဖီ၊ လက်ဖက်ရည် သိပ်သောက်နေမိသလား။ မကြာခဏ ဒေါသထွက်နေသလား။ စိတ်ပူတာတွေ များနေသလား ဆန်းစစ်ပါဦး။

●        ဖုန်းတွေ၊ ကွန်ပျူတာတွေ တစ်နေကုန်ကြည့်တဲ့အခါ မျက်ခုံးလှုပ်တတ်ပါတယ်။ ဘာနိမိတ်မှ မပာုတ်ပါဘူး။ အာရုံကြောတွေ နွမ်းနယ်လာလို့ပါ။

●        ဝမ်းထဲမှာ သွေးပါတာက သိပ်ဝမ်းချုပ်သူတွေမှာ စအိုက သွေးကြောလေးတွေ ဖောင်းပြီး အတွင်းလိပ် စလာလို့ပါ။ ရေများများ သောက်ပြီး သရက်သီး၊ ဖရဲသီးလို အမျှင်ဓာတ်များတာတွေ စားပေးရင် ရပါပြီ။

●        တစ်လလောက် ရာသီမလာတာက ပြဿနာမကြီးတတ်ပါဘူး။ အတူနေချစ်သူရှိရင်တော့ ... အဲ ... ဆီးလေးတော့ စစ်ရမယ်နော်။ အများစုကတော့ စာမေးပွဲတို့၊ စိတ်ပင်ပန်းတာများတာတို့၊ ခရီးထွက်များတာတို့ကြောင့် ဖိအားကြောင့် သွေးမပေါ်တတ်တာတွေ ဖြစ်တတ်ကြောင်း ပြောချင်တာပါလို့။

●        တကျွတ်ကျွတ်မြည်တဲ့ အဆစ်တွေကြောင့် အဆစ်ရောင်နာ မဖြစ်ဘူးနော်။ အညောင်းမိလွန်း အလှုပ်ရှားများလွန်းလို့အခါ အဆစ်ထဲက လေပူဖောင်းလေးတွေပေါက်လို့ ထွက်လာတဲ့အသံပါ။ အကြောဆန့်ထုတ်ပါ။

●        မကြာခဏ နုံးခွေနေတတ်ပါသလား။ နေလို့မကောင်း ထိုင်မသာ ဘာလုပ်လုပ် နုန်းနေတတ်သလား။ ဘာဖြစ်မှန်းကိုမသိ အားကိုမရှိဘူးလို့ မကြာခဏ ညည်းနေတတ်သူတွေက စိတ်ဖိစီးမှု သိပ်များနေတတ်သူတွေပါတဲ့။ ဘာရောဂါမှမရှိဘဲ ပင်ပန်းဖီစီးလွန်းတာကြောင့်ဖြစ်တာမို့ လက်ရှိနေရာကနေ ခဏတော့ ရုန်းထွက်ကြည့်ပါဦး။ ခရီးထွက် တရားစခန်းဝင်ပြီး နားကြည့်ပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)