သံလိုက်ဓာတ်မှန်လို့ခေါ်တဲ့ MRI ရိုက်ရင် ဘာတွေသိထားသင့်သလဲ
အကြောင်းတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ ရောဂါရှာဖွေဖို့ လိုအပ်တဲ့အခါ ဆရာဝန်က သံလိုက်ဓာတ်မှန် ရိုက်ခိုင်းတတ်ပါတယ်။ MRI ဓာတ်မှန်က တကယ်ရော စိတ်ချရရဲ့လား။
● တကယ်တော့ MRI က ကြွက်သားနဲ့ အရိုးတွေကို ထိခိုက်ဒဏ်ရာရတဲ့အခါ အကောင်းဆုံး ထင်ဟပ်ဖော်ပြနိုင်တဲ့ အဆင့်မြင့်ဓာတ်မှန်တစ်မျိုးပါ။
● အလွန်စိတ်ချရပြီး လူတိုင်းအေးအေးဆေးဆေး ရိုက်ကူးနိုင်ပါတယ်။
● တစ်ခုရှိတာက နေရာကျဉ်းကျဉ်းလေးမှာ ခဏလေး လှဲအိပ်ရတော့ MRI ကြောင့် အကြောက်လွန်ကဲ စိုးရိမ်လွန်တတ်တာ ဖြစ်ပါတယ်။
● ကွန်ပျူတာ ဓာတ်မှန် (CT) နဲ့ မတူတာက သူက ဓာတ်ရောင်ခြည် အန္တရာယ်မရှိဘဲ အားကောင်းတဲ့ သံလိုက်တုံးတွေကို အသုံးပြု ရိုက်ကူးရတာ ဖြစ်ပါတယ်။
● ဒါပေမဲ့ မိမိကိ်ုယ်မှ သတ္တုပစ္စည်းတစ်ခုခုရှိနေရင် ကျောက်ကပ်ရောဂါတစ်ခုခု ခံစားနေရရင်တော့ ဆရာဝန်ကို ပွင့်လင်းစွာ ပြောပြဆွေးနွေးပါ။
ဒါပေမဲ့ သံလိုက်ဓာတ်မှန်မရိုက်ခင် ဆရာဝန်တွေ၊ သူနာပြုတွေက သေချာစမ်းသပ်ပြီး လိုအပ်သလို စစ်ဆေးမှုပေးမှာမို့ စိတ်မပူကြဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























