သွားတိုက်ဆေး အများကြီးသုံးရင် ဘာဖြစ်တတ်သလဲ
သြစတေးလျနိုင်ငံက သွားဆရာဝန်ကြီးတွေက သွားတိုက်ဆေးတွေမှာ ဖလိုရိုက်ပါဝင်ပြီး သွားတွေကို ခိုင်မာစေပြီး သွားဆွေးမြေ့တာကို ကာကွယ်ပေးပါတယ်တဲ့။
ဒါပေမဲ့ ဖလိုရိုက် အလွန်အကျွံသုံးတဲ့အခါ ဘာဖြစ်တတ်သလဲ?
ဖလိုရိုက် အလွန်အကျွံသုံးတဲ့အခါ သွားထဲက သတ္တုဓာတ်တွေရဲ့ အချိုးအစားတွေ ပြောင်းလဲလာပြီး အစွန်းတွေဖြစ်လာတဲ့အပြင် အရောင်တွေ ပြောင်းလာပါတယ်။ သွားက အရင်လို မချောမွေ့တော့ဘဲ ကြမ်းလာပါတယ်။ ကြမ်းလာရင် သန့်ရှင်းလို့ သိပ်မလွယ်တော့တဲ့အပြင် စပြီးဆွေးမြေ့လာတတ်ပါတယ်။
လူကြီးတွေမှာဆိုရင်တော့ သွားတိုက်ဆေး များများသုံးတာက အဲလောက်ပြဿနာ မပေးတတ်ပါဘူးတဲ့။ သွားတွေက ဖွံဖြိုးဆဲအခြေအနေ မဟုတ်တော့တဲ့အပြင် ဖလိုရိုက် သိပ်များသွားလည်း ပြဿနာမဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ကလေးတွေအတွက်တော့ သတိထားသင့်ပါတယ်။
● သွားတိုက်တိုင်း သွားတိုက်ဆေးကို ပဲစေ့တစ်စေ့စာပဲထည့်ရင် လုံလောက်ပြီလို့လည်း ပြောထားပါတယ်။
● သွားတိုက်ဆေးကို အသက်တစ်နှစ်ခွဲအောက် ကလေးတွေမှာ မသုံးသင့်ပါဘူး။
● သားသားမီးမီး သွားစတိုက်မယ်ဆိုရင် ဆန်စေ့လောက် ပါးပါးလေးသာ ထည့်ပြီး တိုက်မယ်ဆိုရင် ရပါပြီ။
● အသက် ခုနှစ်နှစ်ကျော်ရင်တော့ လူကြီးလို ပဲစေ့ပမာဏထည့်ရင် ရပါပြီ။
● ကလေးတွေ သွားတိုက်ဆေး တစ်ဘူးလုံး စားလိုက်မိရင် နွားနို့တိုက်လိုက်ပါတဲ့။ ပိုလျှံနေတဲ့ ဖလိုရိုက်ဓာတ်တွေ အကုန်အစင် ထွက်သွားပါလိမ့်မယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























