/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားတိုက်တံကို-ထိန်းသိမ်းနည်းများ

သွားတိုက်တံကို ထိန်းသိမ်းနည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သွားဆိုတာ လူတစ်ယောက်အတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ သွားနှင့်ခံတွင်း ကျန်းမာရေးကောင်းမွန် မှသာ အစားစာရာမှာအဆင်ပြေနိုင်သလို လူအများရှေ့မှာ ရဲရဲရင့်ရင့်ပြုံးပြုံးချိုချိုနဲ့ စကားတွေဆိုနိုင်မှာဖြစ်ပါတယ်။ ခံတွင်းနဲ့သွားမျာသန့်ရှင်းစင်ကြယ်စေဖို့အတွက် သွားတိုက်တံတွေက မရှိမဖြစ် ဖြစ်ပါတယ်။ သွားတိုက်တံတွေ သန့်ရှင်းမှုမရှိပါက သွားနှင့်သွားဖုံးရောဂါတွေဖြစ်လာနိုင်တာကြောင့် သွားတိုက်တံကို သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ ဒါကြောင့် သွားတိုက်တံထိန်းသိမ်းနည်းတွေကို ဖော်ပြလိုက်ပါတယ်။

     သွားတိုက်တံမှ သွားတိုက်ဆေးအကြွင်းအကျန်တွေရှိမနေစေရန် သွားတိုက်ပြီးတိုင်းသွားတိုက်တံကို ရေဖြင့် စင်ကြယ်စွာဆေးကြောပါ။

သွားတိုက်တံကို လှဲမထားပါနှင့် ထောင်ထားပါ

     အခြားသောသွားတိုက်တံများနှင့်အတူတူ တွဲမထားပါနှင့်။ သွားတိုက်တံများကို အလုံပိတ်ထားတဲ့ဘူးတွေထဲမှာ မထားသင့်ပါဘူး။ အလုံပိတ်ထားတဲ့ဘူးထဲရှိ စိုးစွတ်နေတဲ့ပတ်၀န်းကျင်က မှိုပိုးတွေပေါက်လာဖို့အားပေးပါတယ်။ ဒါကြောင့် သွားတိုက်တံသုံးပြီးတိုင်း ရေစစ်ပြီးခြင်းတောင်းကျဲကျဲထဲမှာ စိုက်ထောင်ပြီးသိမ်းပေးပါ။

မိုက်ခရိုေ၀့မီးဖိုမှာ အပူမပေးပါနှင့်

     အချို့သောသူများက သွားတိုက်တံကို မိုက်ခရိုေ၀့မီးဖိုထဲမှာထည့်ပြီး အပူပေးလေ့ရှိပါတယ်။ ဒါဟာမှားယွင်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ သွားတိုက်တံကို မိုက်ခရိုေ၀့ထဲမှာ အပူပေးပြီးနောက် ထွက်လာတဲ့ဓါတုပစ္စည်းက ကင်ဆာရောဂါကိုဖြစ်စေပါတယ်။

သွားတိုက်တံကို သန့်စင်ခန်းနဲ့ ေ၀းေ၀းမှာထားပါ

     သွားတိုက်တံကို အိမ်သာအနားမှာမထားပါနှင့်။ အထူးသဖြင့် ဗိုလ်ထိုင်အိမ်သာများကို ရေဆွဲချလိုက်လျင် မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေက သွားပွတ်တံတွေမှာကပ်ငြိသွားတာကြောင့် သွားတိုက်တံတွေကို သန့်စင်ခန်းနဲ့ အနည်းဆုံး 10 ပေအကွာမှာထားရှိသင့်ပါတယ်။

သွားတိုက်တံ ပုံမှန်လဲလှယ်ပေးခြင်း

     သွားတိုက်တံတစ်ချောင်းကို 3 လတစ်ခါလဲပေးသင့်ပါတယ်။ မိမိကိုယ်ပိုင် သီးသန့်သွားတိုက်တံအသုံးပြုပါ။

 

 

Dr. Htet Htet Aung

www.drmyanmar.com