သွားပွတ်တံတစ်ချောင်းတည်းကို ဝေမျှသုံးစွဲခြင်းက ဘယ်လောက်ဆိုးဝါးတဲ့အကျင့်လဲ
စိတ်ကောက်နေတဲ့ မိန်းမက သူ့ယောက်ျားကို အမြင်ကပ်ကပ်နဲ့ ပြောသတဲ့။
" ဒီမှာ ... ရှင့် သွားပွတ်တံနဲ့ ကျွန်မ အိမ်သာကြွေခွက် တိုက်ဆေးလိုက်တယ် "
အိမ်သာကြွေခွက်ဆေးထားတဲ့ သွားပွတ်တံကို ဘယ်သူမှ ပြန်မတိုက်ချင်ဘူးနော်။ အလားတူစွာပဲ သူများရဲ့ ပိုးတွေပြည့်နေတဲ့ အာခံတွင်းကို တိုက်ပြီးသား သွားပွတ်တံကို အလွယ်တကူ ကောက်တိုက်လိုက်တာကလည်း ညစ်ညမ်းပြီးသားအရာတစ်ခုကို ကိုယ့်ပါးစပ်ထဲ ပြန်ထည့်လိုက်သလိုပါပဲတဲ့။
သွားပွတ်တံတစ်ချောင်းတည်းကို ဝေမျှသုံးစွဲတာက တကယ်တော့ တော်တော်ကို ဆိုးဝါးပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ ဆိုးဝါးတယ်လို့ ဆိုရမယ့် အလေ့အကျင့်တွေမှာ ဘာကြောင့်ဆိုးတယ်၊ မလုပ်သင့်ပါလို့ ပြောရတဲ့ အကျိုးအကြောင်းကတော့ ခိုင်ခိုင်လုံလုံ ရှိနေပါတယ်။
မိမိခင်ပွန်း၊ မိသားစုဝင်ရဲ့ သွားပွတ်တံရယ်လို့ အလွယ်တကူ ယူမတိုက်သင့်ပါဘူး။ သွားပွတ်တံတစ်ချောင်းပာာ ခြောက်သွေ့ပြီး သေချာဆေးကြော အမြင့်မှာ တင်ထားပါတယ် ဆိုရင်တောင် သွားက ဂျိုးတွေ၊ ချေးတွေပာာ သွားပွတ်တံရဲ့ အမွှေးတစ်ချောင်းချင်းစီကြားမှာ မမြင်သာအောင် ကပ်ငြိနေတတ်ပါတယ်။
ဘက်တီးရီးယားတွေ၊ ဂျိုးတွေ၊ အညစ်အကြေးတွေပာာ တစ်ယောက်စီ အသုံးပြုထားတဲ့ သွားပွတ်တံတစ်ချောင်းချင်းစီမှာ ကပ်တွယ်လျက် ရှိပါတယ်။
တခြားလူ သုံးပြီးသား သွားပွတ်တံတစ်ချောင်းကို အမှုမဲ့ အမှတ်မဲ့ ယူငင်တိုက်လိုက်တာပာာ အညစ်အကြေးတွေ ပြည့်နေတဲ့အရာတစ်ခုကို မိမိခံတွင်းထဲ လွှဲပြောင်းယူလိုက်သလိုပါပဲ။
သိပ်ချစ်ကြတဲ့စုံတွဲတွေကတော့ ပြောမှာပေါ့။ အနမ်းတောင် နေ့တိုင်း ခြွေနေသေးတာ သွားပွတ်တံရော ဘာလို့ မျှမတိုက်ရမှာလဲပေါ့။ တစ်ခါတလေ ယူတိုက်တာ ဘာဖြစ်လဲပေါ့။
အနမ်းခြွေတာက ခံတွင်းထဲက တံထွေးအချင်းချင်း ထိတွေ့ရုံပါပဲ။ သွားပွတ်တံ အတူသုံးမိတဲ့အဖြစ်ကတော့ သွားဂျိုးတွေ၊ ချေးညော်တွေ ကပ်ငြိနေတဲ့ သန့်ရှင်းရေးကိရိယာတစ်ခုကို မိမိသွားပေါ်ကို တင်လိုက်သလိုပါပဲ။
လူတစ်ယောက်ရဲ့ခံတွင်းပာာ ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတဲ့နေရာပါ။ အဲဒီခံတွင်းကို သန့်ရှင်းတဲ့ သွားပွတ်တံတစ်ခုပာာ အသုံးပြုသူရဲ့ ကျန်းမာရေးအခြေအနေကို လိုက်ပြီး ရောဂါပေါင်းစုံ ကူးစက်စေမယ့် အရာတစ်ခု ဖြစ်ပါတယ်။
သွားပွတ်တံ လတ်တလော အဆင်မပြေဘူးလား။ ဘယ်သူ့ပာာမှ ယူမတိုက်ဘဲ မိမိရဲ့ သန့်စင်တဲ့လက်ညိုးလေးပေါ်ကို သွားတိုက်ဆေး တင်လိုက်ပြီး ခံတွင်းကို သွားတိုက်သလို ပွတ်တိုက်ကြည့်နိုင်ပါတယ်။ ပြီးရင် ရေနဲ့ဆေးချပေါ့။ နောက်မှ သွားပွတ်တံ ပြေးဝယ်ပြီး သေချာပြန်တိုက်ပေါ့။ မိမိကိုယ်ပိုင် သွားပွတ်တံလေးတစ်ချောင်းထားပြီး ဘယ်သူ့ဆီမှ အညစ်အကြေးတွေ မယူဆောင်ဘဲ ကိုယ်ပိုင်စနစ်ကျကျ သန့်ရှင်းမွှေးမြတဲ့ ခံတွင်းအလှကို ဖန်တီးကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























