သွေးတိုးရောဂါရှိသူတွေ လေမဖြတ်စေဖို့ လမ်းလျှောက်ကြပါစို့ ...
လေဖြတ်မှာကို သွေးတိုးရောဂါသည်တိုင်း ကြောက်ကြပါတယ်။ လူနာတွေအတွက် ဆေးမှန်မှန်သောက်ဖို့အပြင် ဆိုးကျိုးကောင်းကျိုးပေးနိုင်မယ့် အမူအကျင့်လေးတွေက ဘာတွေလဲ?
သွေးတိုးရောဂါသည်တွေမှာ အိပ်ချိန် 5 နာရီအောက် လျော့နည်းရင် သွေးတိုးထိန်းချုပ်မှုကို ဆိုးစေရုံသာမက လေဖြတ်နိုင်စွမ်းကိုလည်း 83% တက်လာစေနိုင်တယ်။ ဒီတော့ အိပ်ရေးဝဝ အိပ်ရမယ်နော်။
တစ်ဖက်မှာလည်း တစ်ညကို 8 နာရီထက် ပိုအိပ်တဲ့ သွေးတိုးရောဂါရှိသူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် မြန်မြန် ပိုပြီးလေဖြတ်တတ်ပါတယ်တဲ့။ 74% ပိုပြီးဆိုးစေပါသတဲ့။
ဒီတော့ အိပ်ချိန် များလွန်းလည်း၊ မကောင်းနည်းလွန်းလည်း အကျိုးယုတ်တတ်တာမို့ မျှမျှတတလေးပဲ အိပ်ခြင်းဖြင့် လေဖြတ်ရောဂါကို ကာကွယ်ကြရအောင်။
အိပ်မပျော်ခြင်းဟာ ဆီးချိုရောဂါကို ပိုဆိုးစေတယ်။ သွေးလည်း တိုးစေပါတယ်။ လူနာရဲ့ စိတ်အား၊ ကိုယ်အား၊ ဉာဏအားတွေ အကုန်ထိုးကျသွားပါတယ်။ ဆေး ဘယ်လောက်သောက်သောက် လူနာက မအိပ်ရင် လေဖြတ်မယ့်ပြဿနာက ရှိနေပါတယ်။
မျှမျှတတ အိပ်ဖို့အတွက် ပုံမှန် စိတ်အေးလက်အေး လျှောက်နေရတဲ့ လမ်းလျှောက်ခြင်းလောက် ဘာမှထူးပြီး အကျိုးအာနိသင် မပေးနိုင်ပါဘူး။
လေ့ကျင့်ခန်းတွဟာ မကောင်းတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိတာ မှန်ပေမယ့်လည်း ပုံမှန်လမ်းလျှောက်ခြင်းလောက် အိပ်ပျော်ခြင်းကို အထောက်အကူ မပေးနိုင်ဘူးဆိုတာ ရှာဖွေတွေ့ရှိထားပါပြီ။
လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းကို ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လုပ်ပါ။ စိတ်ဖိစီးမှုများတဲ့ရက်တွေမှာ မနက်ပိုင်း နာရီဝက်လောက် ရှုခင်းလေးတွေကြည့်၊ ဘာမှမတွေး သီချင်းလေးတအေးအေးနဲ့ လျှောက်ကြည့်ခြင်းဖြင့် အိပ်လည်းပျော်၊ သွေးတိုးလညး် ထိန်းချုပ်တဲ့အပြင် လေဖြတ်ရောဂါကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























