သွေးပေါင်ကျခြင်းအကြောင်း
သွေးတိုးခြင်းကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်စေတာ ကျွန်ုပ်တို့ သိကြပြီးဖြစ်တာကြောင့် ယခုအခါ သွေးပေါင်ကျခြင်းအကြောင်းကို တင်ပြပါမယ်။ သွေးပေါင်ကျခြင်းဟာ အတိုင်းအတာတစ်ခုထိ လက်ခံနိုင်ပေမယ့် အခြားသောလက္ခဏာများပါ တွဲဖက်ဖြစ်ပေါ်လာပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
>> သွေးပေါင်ကျခြင်း လက္ခဏာများ
● မူးဝေခြင်း၊ ခေါင်းထဲမှာ ဟာတာတာဖြစ်ခြင်း
● ပျို့ခြင်း
● မိုက်ခနဲဖြစ်ခြင်း
● ရေဓာတ်နည်းခြင်း၊ ရေဆာခြင်း
● အာရုံစူးစိုက်မရခြင်း
● မျက်စိဝေဝါးလာခြင်း
● ခြေဖျားလက်ဖျားအေးခြင်း၊ ဖြူဖျော့ခြင်း
● အသက်ရှူမြန်ခြင်း
● နုံးခြင်း
● စိတ်ကျခြင်း
>> သွေးပေါင်ကျခြင်း ဘာကြောင့်ဖြစ်ရသလဲ?
● နာတာရှည် အိပ်ရာထဲလဲနေခြင်း
● ကိုယ်ဝန်ဆောင်ကာလဖြစ်ခြင်း
● သွေးပမာဏနည်းခြင်း (ဒဏ်ရာရခြင်း၊ ကိုယ်တွင်း သွေးယိုစိမ့်ခြင်းများကြောင့်)
● ဆေးများကြောင့် (သွေးတိုးကျဆေး၊ စိတ်ရောဂါဆေးများ၊ စိတ်ကြွမူးယစ်ဆေးများ၊ အရက် စသည်)
● နှလုံးပြဿနာများ
● ဟိုမုန်းပြဿနာများ
● ပိုးဝင်ခြင်းကြောင့် ရှော့ခ်ရခြင်း
● ဓာတ်မတည့်ခြင်း
● အာဟာရချို့တဲ့ခြင်း (ဗီတာမင် B12 နှင့် ဖောလစ်အက်ဆစ် နည်းပါးခြင်း)
အခြားသော လက္ခဏာများမရှိပါက တစ်ကြိမ်၊ နှစ်ကြိမ်ခန့် သွေးပေါင်ကျခြင်းဟာ စိုးရိမ်စရာမရှိပေမယ့် မကြာမကြာ သွေးပေါင်ကျခြင်း၊ သွေးပေါင်ကျခြင်းနင့်အတူ မူးဝေခြင်း၊ ပျို့ခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသတိုင်ပင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























