/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးပြန်ကြောထုံးခြင်းမှ-ကင်းဝေးစေရန်-နည်းလမ်းများ

သွေးပြန်ကြောထုံးခြင်းမှ ကင်းဝေးစေရန် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  ခြေထောက်များကို မြှောက်ထားပါ။
တစ်နေ့တာလုံး မတ်တတ်ရပ်ထားပါက ခြေထောက်များ အနည်းငယ် ရောင်နေတတ်ပါတယ်။ ထိုသို့ဖြစ်ပွားပါက ခြေထောက်တင်ရန် ခေါင်းအုံးတစ်ခု သီးသန့်ဝယ်ထားပါ။ အိမ်ပြန်ရောက်ပါက ခြေထောက်များကို ခေါင်းအုံးပေါ်တွင် တင်ထားနိုင်ပါတယ်။
 
2.  ရေခဲကပ်ပါ။
ရေခဲကပ်ခြင်းအားဖြင့် -
●  သွေးကြောများ ကျုံ့သွားစေရန် စွမ်းဆောင်နိုင်ပါတယ်။
●  ဖောင်းနေသောသွေးကြောများရှိပါက သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
 
3.  အရောင်ကျဆေး သောက်ပါ။
အကိုက်အခဲပျောက် အရောင်လျော့ဆေးများသည် ခြေထောက်ရောင်ခြင်းများကို သက်သာစေနိုင်သော်လည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
 
4. သွေးပြန်ကြောထုံးခြင်းအတွက် သီးသန့်ပြုလုပ်ထားသော ခြေအိတ်ကို သုံးပါ။
၎င်းခြေအိတ်များကို ဆေးဝါးအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။ ဒီခြေအိတ်တွေက -
●  အရေပြားတင်းရင်းစေရန် အကူအညီပေးနိုင်ပါတယ်။
●  သွေးပြန်ကြောများကိုပြင်ပမှ အထောက်အပံ့ပေးခြင်းဖြင့် နှလုံးသွေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေပါတယ်။
 
5. လေ့ကျင့်ခန်းပြုလုပ်ပါ။
သွေးကြောထုံးသူများတွင် သွေးများစုပုံ၍ သွေးစီးဆင်းမှု မကောင်းပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

www.drmyanmar.com