/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးလှူခြင်းရဲ့-အကျိုးကျေးဇူးများ

သွေးလှူခြင်းရဲ့ အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးလှူခြင်းက လူ့အသက်ကို ကယ်တင်နိုင်တဲ့ မွန်မြတ်တဲ့ကုသိုလ်ပါ။

          သွေးဆိုတာကလည်း လှူချင်တိုင်း လှူလို့မရဘူးနော်။ ဒီလိုအချက်တွေ ပြည့်စုံမှသာ လှူလို့ရတာ။

●        အနည်းဆုံး အသက် ၁၆ နှစ်နဲ့အထက် ရှိရမယ်။

●        ပေါင်ချိန် ၁၁၀ ပေါင် (50kg) ရှိရမယ်။

●        လွန်ခဲ့တဲ့ ၅၆ ရက်အတွင်းမှာ သွေးလှူမထားရဘူး။

 

          အောက်ကအချက်တွေရှိရင် သွေးမလှူရပါဘူး။

●        သွေးလှူတဲ့နေ့မှာ အအေးမိ၊ တုပ်ကွေးလက္ခဏာတွေ ရှိနေရင်

●        လွန်ခဲ့တဲ့ ၇ ရက်အတွင်းမှာ ပိုးသတ်ဆေးသောက်ထားရင်

●        အသက် ၁၁ နှစ်ကျော်မှ အသည်းရောင်ဖူးရင်

●        လွန်ခဲ့တဲ့ ၁၂ လမှာ သွေးသွင်းဖူးရင်

●        လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာ တက်တူး ထိုးထားရင်၊ ခန္ဓာကိုယ် ဖောက်ထားတာတွေ၊ အပ်စိုက်၊ မတော်တဆ အပ်စူးမိတာတွေ၊ တခြားသူရဲ့သွေးနဲ့ ထိတွေ့မိဖူးတာတွေရှိရင်

●        လွန်ခဲ့တဲ့ ၁၂ လက ငှက်ဖျားဖြစ်ဖူးရင် (သို့) ငှက်ဖျား အဖြစ်များတဲ့ဒေသတွေကို ခရီးသွားထားရင်

●        ကိုယ်ဝန်ဆောင်တွေ

●        လွန်ခဲ့တဲ့ ၁၂ လက ဆစ်ဖလစ် (သို့) ဆီးပူညှောင်းကျရောဂါကုသမှုခံယူထားရင်

●        ဆေး အမြဲထိုးနေတဲ့သူတွေ

●        HIV ကူးစက်ခံရနိုင်ချေ များတဲ့သူတွေ

          ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးတော့ သွေးထွက်လွန်နေတဲ့သူတွေအတွက် သွေးက အသက်ကယ်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ သွေးမရရင် လူနာကို လက်လွှတ်လိုက်ရနိုင်ပါတယ်။

          ဒါကြောင့် ကိုယ်က သွေးလှူလို့ရတဲ့ အခြေအနေရှိရင် သွေးလှူပါ။ ကိုယ့်ရဲ့သွေးက လူနာအတွက် အသက်ကယ်ဆေးပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)