သွေးအားမနည်းအောင် ဘယ်လိုနေမလဲ
အချို့သောသွေးအားနည်းရောဂါတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့ အနီရောင်ရှိသော အသား၊ အသည်း၊ ငါး၊ တို့ဖူး၊ ပဲ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးခြောက်များ၊ ဗီတာမင် B12 နဲ့ folate ကြွယ်ဝသော ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဟင်းနုနွယ်ရွက်၊ ငှက်ပျောသီး၊ ဗီတာမင် B12၊ folate နဲ့ သံဓာတ်မျိုးစုံပါဝင်သော ပေါင်မုန့်၊ ကောက်ပဲသီးနှံ စတဲ့အစားအစာတွေ စားသုံးပေးပါ။ ဗီတာမင် C က သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။






























