/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အချိန်ခြိုးခြံပြီးလွယ်ကူစွာလုပ်ဆောင်နိုင်သော

အချိန်ခြိုးခြံပြီးလွယ်ကူစွာလုပ်ဆောင်နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့ခေတ်လိုခေတ်မီဖွ့ံဖြိုးတိုးတက်နေတဲ့ခေတ်ကြီးမှာ အလုပ်တာ၀န်တွေနဲ့ပိနေသူတွေအနေနဲ့ ကျန်းမာရေးအတွက်သီးသန့်အချိန်မပေးနိုင်ကြပါဘူး။ ဒါကြောင့် အချိန်အများကြီးပေးစရာမလိုဘဲ ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်နိုင်မယ့် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

1.  အာဟာရဖြည့်တင်းပါ

                ကာယလေ့ကျင့်ခန်းမလုပ်မီ (သို့) ကာယလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ energy bar ကိုစားခြင်း၊ milk shake တစ်မျိုးကိုရွေးချယ်သောက်ခြင်း၊ sports drink ကိုသောက်ခြင်းဖြင့် စွမ်းရည်ပိုမိုတိုးတက်စေပြီး ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

2.  သွေးပူလေ့ကျင့်ခန်းလုပ်ပါ

                အားကစားမလုပ်ခင်မှာသွေးပူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုကိုကောင်းစေကာ အားကစားလုပ်နေစဉ်တစ်လျှောက် မောပန်းမှုဒဏ်ကိုလည်းခံနိုင်ရည်ရှိစေပြီး ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

3.  သစ်သီး၀လံနဲ့ဟင်းသီးဟင်းရွက် နေ့စဉ်စားပါ

                သစ်သီး၀လံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်နိုင်ချေကိုလျော့ချပေးနိုင်တဲ့အပြင် အမြင်အာရုံကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံတွေဖြစ်တဲ့ ပန်းသီး၊ ဘယ်ရီသီးနဲ့ သခွားသီးတို့ကိုစားသုံးခြင်းဖြင့် အစာချေဖျက်တဲ့စနစ်ကိုကောင်းမွန်စေပြီး နာတာရှည်၀မ်းချုပ်တာကိုပျောက်ကင်းစေနိုင်ပါတယ်။

4.  ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် အကြောများဖြေလျော့ပါ

                အိပ်ထမတင်လေ့ကျင့်ခန်းလုပ်ခြင်း၊ ပခုံးကြောများဖြေလျော့ခြင်း၊ ရှေ့သို့ဆတ်ခနဲလှမ်းခြင်း အစရှိတဲ့အကြောဖြေလျော့နည်းတွေကြောင့် နောက်တနေ့ပြုလုပ်မယ့် လေ့ကျင့်ခန်းလုပ်ငန်းစဉ်အတွက် ပိုမိုလွယ်ကူစေပြီး ကိုက်ခဲညောင်းညာမှုတွေမှကင်းေ၀းစေပါတယ်။

5.  တစ်နာရီခြားတခါကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

                လှုပ်ရှားမှုမရှိဘဲသင့်အလုပ်စားပဲမှာ 6 နာရီကျော်ကြာထိုင်ခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါကိုဖြစ်စေနိုင်တဲ့အပြင် အူကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေအမြင့်မားဆုံးဖြစ်ပါတယ်။ ဒါကြောင့် 30 မိနစ် ဒါမှမဟုတ် 1 နာရီမှာတစ်ကြိမ် ရေထသောက်ခြင်း၊ အကြောဆန့်ခြင်းနဲ့ လမ်းလျှောက်ပေးခြင်း စတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

6.  တစ်ညတာအိပ်စက်ချိန် ၈ နာရီရှိပါစေ

                တစ်ညတာမှာလုံလုံလောက်လောက်အိပ်စက်ခြင်းကြောင့် တစ်နေ့တာလုံးကုန်ခန်းသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ကိုယ်ရောစိတ်ပါလန်းဆန်းတက်ကြွနေစေပါတယ်။ ဉာဏ်ရည်အသစ်များဖွ့ံဖြိုးလာစေပြီး စိတ်ဆုံးဖြတ်ချက်ကိုမှန်ကန်စေပါတယ်။ သွေးတွင်းကိုလက်စထရောကိုညီမျှစေတာကြောင့် ဆီးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

7.  သွားကြားပွတ်ထိုးပါ

                   အစာစားပြီးနောက် သွားကြားပွတ်ထိုးခြင်း၊ ပလုတ်ကျင်းခြင်းတို့ ဆောင်ရွက်ခြင်းကြောင့် သွားကြွေလွှာကိုပျက်စီးစေတဲ့ ဘက်တီးရီးယားပေါက်ဖွားခြင်းအန္တရာယ်မှ ကင်းေ၀းစေပါတယ်။

8.  အိပ်ချိန်နီးမှ အစာမစားမိပါစေနဲ့

                ညဘက် 8 နာရီကျော်မှ အစာစားခြင်းကြောင့် ခန္ဓာကိုယ်မှာမလိုအပ်တဲ့ကယ်လိုရီတွေစုပုံလာစေပြီး အ၀လွန်စေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေဖျက်မှုဆိုင်ရာလုပ်ငန်းဆောင်တာများကိုလည်း ပုံမှန်မဖြစ်စေတော့ပါဘူး။ တကယ်လို့ သင်ကအိမ်ပြန်နောက်ကျသူ၊ အချိန်လွန်မှ ညစာစားဖြစ်သူဆိုရင်တော့ အသားဓာတ်၊ အမျှင်ဓာတ်ပါ၀င်တဲ့ အစားအစာတွေနဲ့ ဟင်းရွက်သုပ်တို့ကိုစားသုံးပေးခြင်းဖြင့် ဆာလောင်မှုကိုဖြေသိမ့်တာအကောင်းဆုံးပဲဖြစ်ပါတယ်။

9.             နေ့စဉ်တရားထိုင်ပါ

                နေ့စဉ် 25 မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ခြင်းဖြင့် နှလုံးရောဂါ၊ ဆံပင်ဖြူတာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့ရောင်ရမ်းမှုတွေကိုလျော့ချပေးနိုင်တဲ့အပြင် စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

10.             2 နာရီကြာတိုင်း 10 မိနစ်ခန့် အနားပေးပါ

                ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်ပြီး ဖေ့စ်ဘုတ်ခ်အသုံးပြုခြင်း၊ e-mail စစ်ခြင်းပြုလုပ်နေရသူတွေအနေနဲ့ ခါးတုတ်ခြင်း၊ သွေးတွင်းကိုလက်စထရောနဲ့ သကြားဓာတ်တွေများခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအသုံးများသူတွေအနေနဲ့ နှစ်နာရီကြာတိုင်း 10 မိနစ်လောက် အနားပေးကာလမ်းလျှောက်သင့်ပါတယ်။

11.             ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပုံမှန်ပြုလုပ်ပါ

                နေ့စဉ် မိနစ် 30 လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် သွေးချိုရောဂါကိုကာကွယ်ပေးနိုင်ပြီး ကြွက်သားများကိုသန်မာဖွ့ံဖြိုးစေကာ ကိုယ်အလေးချိန်ကိုလည်းကျစေနိုင်ပါတယ်။ လူကိုနုပျိုစေပြီး စိတ်ရောကိုယ်ပါရွှင်လန်းသွက်လက်စေပါတယ်။ အချိန်ပေးဖို့ အခက်အခဲရှိနေပါက ဖုန်းပြောရင်းလမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စများကို ကိုယ်တိုင်၀င်လုပ်ခြင်း၊ အပင်စိုက်ခြင်း၊ စားပွဲမှာထိုင်ပြီးအလုပ်လုပ်ရသူများအနေနဲ့ မကြာခဏထပြီးလမ်းလျှောက်ခြင်း အစရှိသဖြင့် တတ်နိုင်သလောက်လှုပ်ရှားမှုပြုလုပ်ပေးသင့်ပါတယ်။

CMS (www.drmyanmar.com)