/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အချိုပိုစားလေ-စိတ်အတက်အကျ-များတတ်လေပါပဲ

အချိုပိုစားလေ စိတ်အတက်အကျ များတတ်လေပါပဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချိုသကြားဓာတ်ဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့အကျိုးဆက်တွေ အများကြီး ဖြစ်စေတယ်ဆိုတာ လက်ခံထားကြပါတယ်။ စိတ်ညစ်လေ အချို ပိုစားမိလေပါပဲတဲ့။ ဒါပေမဲ့ အချိုပိုစားလေ စိတ်မကြည်မသာဖြစ်ဖို့ အခွင့်အလမ်းများလေ ဖြစ်နေတတ်ပါသေးတယ်။

 

>>    အချိုစားသောက်ခြင်းဖြင့်

●        စိတ်ရှုပ်ထွေးတာ

●        မခံမရပ်နိုင်ဖြစ်တတ်တာ

●        ဝမ်းနည်းကြေကွဲတတ်တာတွေ ဖြစ်လာတတ်လို့

●        များများစားလေ စိတ်အတက်အကျများလေလို့သာ မှတ်ကြပါ။

 

          တကယ်လို့ သကြားက စိတ်ဖိစီးမှုကို စတင်သူမဟုတ်ဘူးဆိုရင်တောင် ပိုဆိုးစေပါသူပါ။ စိတ်ဖိစီးလေ အချိုများများစားလေ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘဲ စိတ်ဖိအားတွေကို ပိုမိုများပြားလာစေပါတယ်။

●        နေရင်းထိုင်ရင်း အချိူသိပ်ကြိုက်တတ်တဲ့သူတွေက စိတ်ကျရောဂါဖြစ်ဖို့ အလားအလာ တော်တော်များပါတယ်။ တစ်ရက်ကို ၆၇ ဂရမ်ထက် ပိုပြီး သကြားစားကြသူတွေက ငါးနှစ်အတွင်း စိတ်ကျရောဂါ ပိုဖြစ်လာကြပါတယ်။

●        အချိုဆိုတာ ဘိန်းစွဲသလို အတော်စွဲတဲ့အရာပါ။ အချိုမစားရတာနဲ့ နေမထိထိုင်မသာ ဖြစ်ပေါ်ခံစားလာရပြီး ဒေါသတွေထွက် ဂဏှာမငြိမ် ဖြစ်လာတတ်ပါတယ်။

●        အချိုစားများကြသူတွေက ဦးနှောက်တွေးခေါ်နိုင်စွမ်း နှေးကွေးလာပြီး အယ်လဇိုင်းမားနဲ့ ဆီးချို၊ သွေးတိုးထိ ဖြစ်စေပါတယ်။ မှတ်ဉာဏ်ကျဆင်းလာသလို အတွေးအခေါ်နဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကျဆင်းလာပါတယ်။

 

          အချိူသိပ်ကြိုက်ပြီး မစားရ မနေနိုင်ရင် သဘာဝကျကျ အချိုလေးတွေနဲ့ အစားထိုးကြည့်ပါလား။

          အသီးဖျော်ရည်လေးတွေကို ပျားရည်နဲ့ဖြစ်စေ၊ နွားနို့နဲ့ဖြစ်စေ သောက်သုံးနိုင်ပါတယ်။

●        စတော်ဘယ်ရီ

●        ကန်ဇွန်းဥ

●        ငှက်ပျောသီး

●        သခွားမွှေး

●        ပန်းသီး

●        ဖရဲသီး တို့ဟာ အချိုကဲပြီး လတ်ဆတ်ကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အသီးတွေ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)