အင်ဆူလင်ကို နည်းလမ်းမှန်ကန်စွာ ထိုးတတ်ဖို့
ဆီးချိုရောဂါလိုမျိုး အင်ဆူလင်ကို ရေရှည်စွဲပြီး ထိုးရတဲ့သူတွေအတွက် အိမ်မှာပဲထိုးတတ်ဖို့ အင်ဆူလင်ထိုးနည်းကိုသင်ပြီး အိမ်မှာပဲ ထိုးစေပါတယ်။ အင်ဆူလင်ထိုးနည်းက တခြားဆေးထိုးတာတွေနဲ့ မတူပါဘူး။ ပြီးတော့ ဆေးရဲ့အာနိသင် အပြည့်အဝရဖို့အတွက်ဆိုရင် ဆေးထိုးနည်းမှန်ဖို့ အရေးကြီးပါတယ်။
>> အင်ဆူလင်ထိုးရမယ့်နေရာ
အင်ဆူလင်ထိုးဖို့ အကောင်းဆုံးနေရာကတော့ ဝမ်းဗိုက်ပါ - ချက်ကနေ အနည်းဆုံး ၂ လက်မအကွာ အမာရွတ်တွေ မှဲ့တွေနဲ့ဝေးတဲ့နေရာ ဖြစ်ရပါမယ်။ အဆီများတဲ့နေရာတွေဖြစ်တဲ့ လက်မောင်းအနောက်၊ ပေါင် စတဲ့ နေရာတွေမှာလည်း ထိုးလို့ရပါတယ်၊ အထူးသဖြင့် နေ့တိုင်း အင်ဆူလင်ထိုးနေရရင် နေရာတွေ ပြောင်းပြောင်းပြီး ထိုးပေးပါ။ အကောင်းဆုံးကတော့ နောက်ဆုံးထိုးထားတဲ့နေရာကနေ အနည်းဆုံး 1 cm (လက်တစ်ချောင်းအကျယ်စာ) လောက် ခွာထိုးပါ။ တစ်နေရာတည်းမှာပဲ အမြဲထိုးနေရင် အရေပြားတစ်သျှူးတွေမှာ အပြောင်းအလဲတွေဖြစ်ပြီးတော့ ဆေးစုပ်ယူမှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အင်ဆူလင်ထိုးတဲ့နေရာတွေမှာ အဆီဆဲလ်တွေ ကုန်လာတတ်ပါတယ်။ အရေပြားမှာ အဖုလေး ဖောင်းထွက်လာတာက အဲဒီနေရာက အင်ဆူလင်နဲ့မတည့်လို့ပါ။ ဒီနေရာမှာဆိုရင် အင်ဆူလင်ကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် ဖောင်းထွက်လာတဲ့နေရာတွေမှာ မထိုးပါနဲ့။
● အမာရွတ်
တစ်နေရာတည်းမှာပဲ ထပ်ခါတလဲလဲထိုးတဲ့အခါမှာ အမာရွတ်တစ်သျှူးတွေ ဖြစ်လာပါတယ်။ အင်ဆူလင်ကို အမာရွတ်တစ်သျှူးတွေကနေတစ်ဆင့် စုပ်မယူနိုင်တဲ့အတွက် ဒီနေရာတွေမှာလည်း မထိုးသင့်ပါဘူး။
● အရေပြားလေးကို ဆွဲပြီးထိုးခြင်း
အင်ဆူလင်ထိုးတဲ့အခါမှာ အရေပြားကို ဆွဲဖို့မလိုပါဘူး။ အရမ်းပိန်တဲ့သူဆိုရင်တော့ ကြွက်သားတွေထိ ဆေးမဝင်သွားအောင် အရေပြားကို ဆွဲထိုးဖို့ လို၊ မလိုဆိုတာကို ဆရာဝန်ကို မေးပါ။
Diabetone 1
>> အန္တရာယ်ကင်းစေဖို့
အင်ဆူလင် ထိုးတဲ့အခါတိုင်းမှာ ဒီအချက်လေးတွေကို လိုက်နာပါ။
● သန့်ရှင်းမှုရှိပါစေ - အင်ဆူလင်ထဲကို ဘက်တီးရီးယားပိုးတွေ မဝင်စေဖို့ ဆေးထိုးတိုင်း အင်ဆူလင်ဆေးဘူးအဖုံးကို သေချာ သုတ်ပါ (သို့) အရက်ပြန် ဂွမ်းနဲ့ဖွင့်ပါ။
● ဆေးထိုးအပ်ထဲကလေတွေ - ဆေးထိုးအပ်ထဲကလေတွေက အန္တရာယ်မရှိပေမယ့် ရှေ့မှာလေတွေပိတ်နေတော့ အင်ဆူလင် စုပ်တဲ့အခါမှာ ပမာဏမပြည့်ဘဲ ထစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား-၁ ဆီးချိုရောဂါရှိသူတွေအတွက် အင်ဆူလင်ကို ပမာဏပြည့်အောင်ထိုးပေးဖို့ အရေးကြီးပါတယ်။
● ဆေးထိုးအပ်ထဲမှာ အင်ဆူလင်တွေ စုပ်ထားပြီးပြန်သုံးခြင်း - ဒါက အရေပြားပိုးဝင်တာကို ပိုများစေနိုင်ပါတယ်။ ဆေးထိုးအပ်ထဲက ခြောက်သွေ့နေတဲ့ အင်ဆူလင်တွေက ပမာဏမပြည့်တာမျိုး ဖြစ်စေတတ်ပါတယ်။ ပြီးတော့ ဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါပြန်သုံးရင် ထိပ်တုံးပြီးတော့ ပိုနာတတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Diabetone 2
(Zawgyi)
ဆီးခ်ိဳေရာဂါလိုမ်ိဳး အင္ဆူလင္ကို ေရရွည္စြဲၿပီး ထိုးရတဲ့သူေတြအတြက္ အိမ္မွာပဲထိုးတတ္ဖို႔ အင္ဆူလင္ထိုးနည္းကိုသင္ၿပီး အိမ္မွာပဲ ထိုးေစပါတယ္။ အင္ဆူလင္ထိုးနည္းက တျခားေဆးထိုးတာေတြနဲ႔ မတူပါဘူး။ ၿပီးေတာ့ ေဆးရဲ႕အာနိသင္ အျပည့္အဝရဖို႔အတြက္ဆိုရင္ ေဆးထိုးနည္းမွန္ဖို႔ အေရးႀကီးပါတယ္။
>> အင္ဆူလင္ထိုးရမယ့္ေနရာ
အင္ဆူလင္ထိုးဖို႔ အေကာင္းဆုံးေနရာကေတာ့ ဝမ္းဗိုက္ပါ - ခ်က္ကေန အနည္းဆုံး ၂ လက္မအကြာ အမာ႐ြတ္ေတြ မွဲ႔ေတြနဲ႔ေဝးတဲ့ေနရာ ျဖစ္ရပါမယ္။ အဆီမ်ားတဲ့ေနရာေတြျဖစ္တဲ့ လက္ေမာင္းအေနာက္၊ ေပါင္ စတဲ့ ေနရာေတြမွာလည္း ထိုးလို႔ရပါတယ္၊ အထူးသျဖင့္ ေန႔တိုင္း အင္ဆူလင္ထိုးေနရရင္ ေနရာေတြ ေျပာင္းေျပာင္းၿပီး ထိုးေပးပါ။ အေကာင္းဆုံးကေတာ့ ေနာက္ဆုံးထိုးထားတဲ့ေနရာကေန အနည္းဆုံး 1 cm (လက္တစ္ေခ်ာင္းအက်ယ္စာ) ေလာက္ ခြာထိုးပါ။ တစ္ေနရာတည္းမွာပဲ အၿမဲထိုးေနရင္ အေရျပားတစ္သွ်ဴးေတြမွာ အေျပာင္းအလဲေတြျဖစ္ၿပီးေတာ့ ေဆးစုပ္ယူမႈျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။
အင္ဆူလင္ထိုးတဲ့ေနရာေတြမွာ အဆီဆဲလ္ေတြ ကုန္လာတတ္ပါတယ္။ အေရျပားမွာ အဖုေလး ေဖာင္းထြက္လာတာက အဲဒီေနရာက အင္ဆူလင္နဲ႔မတည့္လို႔ပါ။ ဒီေနရာမွာဆိုရင္ အင္ဆူလင္ကို ေကာင္းေကာင္းမစုပ္ယူႏိုင္တဲ့အတြက္ ေဖာင္းထြက္လာတဲ့ေနရာေတြမွာ မထိုးပါနဲ႔။
● အမာ႐ြတ္
တစ္ေနရာတည္းမွာပဲ ထပ္ခါတလဲလဲထိုးတဲ့အခါမွာ အမာ႐ြတ္တစ္သွ်ဴးေတြ ျဖစ္လာပါတယ္။ အင္ဆူလင္ကို အမာ႐ြတ္တစ္သွ်ဴးေတြကေနတစ္ဆင့္ စုပ္မယူႏိုင္တဲ့အတြက္ ဒီေနရာေတြမွာလည္း မထိုးသင့္ပါဘူး။
● အေရျပားေလးကို ဆြဲၿပီးထိုးျခင္း
အင္ဆူလင္ထိုးတဲ့အခါမွာ အေရျပားကို ဆြဲဖို႔မလိုပါဘူး။ အရမ္းပိန္တဲ့သူဆိုရင္ေတာ့ ႂကြက္သားေတြထိ ေဆးမဝင္သြားေအာင္ အေရျပားကို ဆြဲထိုးဖို႔ လို၊ မလိုဆိုတာကို ဆရာဝန္ကို ေမးပါ။
>> အႏၲရာယ္ကင္းေစဖို႔
အင္ဆူလင္ ထိုးတဲ့အခါတိုင္းမွာ ဒီအခ်က္ေလးေတြကို လိုက္နာပါ။
● သန႔္ရွင္းမႈရွိပါေစ - အင္ဆူလင္ထဲကို ဘက္တီးရီးယားပိုးေတြ မဝင္ေစဖို႔ ေဆးထိုးတိုင္း အင္ဆူလင္ေဆးဘူးအဖုံးကို ေသခ်ာ သုတ္ပါ (သို႔) အရက္ျပန္ ဂြမ္းနဲ႔ဖြင့္ပါ။
● ေဆးထိုးအပ္ထဲကေလေတြ - ေဆးထိုးအပ္ထဲကေလေတြက အႏၲရာယ္မရွိေပမယ့္ ေရွ႕မွာေလေတြပိတ္ေနေတာ့ အင္ဆူလင္ စုပ္တဲ့အခါမွာ ပမာဏမျပည့္ဘဲ ထစ္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးအစား-၁ ဆီးခ်ိဳေရာဂါရွိသူေတြအတြက္ အင္ဆူလင္ကို ပမာဏျပည့္ေအာင္ထိုးေပးဖို႔ အေရးႀကီးပါတယ္။
● ေဆးထိုးအပ္ထဲမွာ အင္ဆူလင္ေတြ စုပ္ထားၿပီးျပန္သုံးျခင္း - ဒါက အေရျပားပိုးဝင္တာကို ပိုမ်ားေစႏိုင္ပါတယ္။ ေဆးထိုးအပ္ထဲက ေျခာက္ေသြ႕ေနတဲ့ အင္ဆူလင္ေတြက ပမာဏမျပည့္တာမ်ိဳး ျဖစ္ေစတတ္ပါတယ္။ ၿပီးေတာ့ ေဆးထိုးအပ္ေတြကို ထပ္ခါထပ္ခါျပန္သုံးရင္ ထိပ္တုံးၿပီးေတာ့ ပိုနာတတ္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























