/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစဉ်သတိထားပေး-ကျောရိုးမကြီး-ကျန်းမာရေး

အစဉ်သတိထားပေး ... ကျောရိုးမကြီး ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျောရိုးမကြီးဟာ ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းက ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုကို ဦးနှောက်ဆီသို့၊ တုံ့ပြန်မှုကို ဦးနှောက်ကနေ ခန္ဓာကိုယ်ဆီသို့ အပြန်အလှန် ပေးပို့ဆက်သွယ်ရာမှာ အာရုံကြောမကြီးကနေတစ်လျှောက် ပေးပို့ဆက်သွယ်ပါတယ်။
ဒီအာရုံကြောမကြီးက ကျောရိုးမကြီးရဲ့ အပေါက်လေးတွေကတစ်ဆင့် ဖြတ်သန်းသွားတာဖြစ်တဲ့အတွက် ကျောရိုးမကြီးကို တစ်စုံတစ်ခု ထိခိုက်မိတာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အာရုံခံစားမှုတွေ၊ တုံ့ပြန်မှုတွေ ပျက်စီးကုန်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောရိုးမကြီးအနေနဲ့ ခန္ဓာကိုယ်ကို တခြားသောအကူအညီတွေလည်း ပေးပါသေးတယ်။
ကျောရိုးမကြီး ရှိနေတဲ့အတွက် သင့်ခါးဟာ ကုန်းတာ၊ လှည့်တာ စတာတွေ လုပ်လို့ရတာ ဖြစ်ပါတယ်။ ကျောရိုးမကြီးကို ထိခိုက်မိရင်တော့ ဒါတွေ ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် လမ်းလျှောက်တာ၊ ထိုင်တာ၊ လည်ပင်းလှုပ်ရှားမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။
အစာရေမျိုပြွန်က ကျောရိုးနဲ့အပြိုင် တည်ရှိနေတဲ့အတွက် ကျောရိုးကို ထိခိုက်တဲ့အခါ အစာရေမျိုပြွန်ကို ဖိမိတာ၊ ထိုးမိတာမျိုးတွေဖြစ်နိုင်ပြီး အစားမစားနိုင်တော့တဲ့ထိ ဖြစ်စေနိုင်ပါတယ်။ ပုံစံမမှန်တဲ့လှုပ်ရှားမှုတွေ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကလည်း ရေရှည်မှာ ကျောရိုးကို ထိခိုက်စေနိုင်ပါတယ်။ ကျောရိုးပျက်စီးခြင်းက သင့်ခန္ဓာကိုယ်ကို ကိုယ့်စိတ်အတိုင်း မလှုပ်ရှားစေနိုင်တဲ့အတွက် သင့်ဘဝပျော်ရွှင်မှုကိုပါ အနှောင့်အယှက်ပေးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောရိုးကျန်းမာရေးကို အထောက်အကူပြုမယ့် အလေ့အကျင့်လေးတွေကို ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

Osteocare 1

၁။  အလေးအပင်မတဲ့အခါ သတိပြုပါ။
အလေးအပင်မတဲ့အခါ ခါးမတ်ပြီး ဒူးကိုကွေးကာ မ,ရပါတယ်။ ဒီလိုမဟုတ်ဘဲ ခါးကုန်းပြီး မတဲ့အခါ ပြန်အထမှာ ကျောရိုးဆစ်တွေ ထိခိုက်တာ၊ ကျောရိုးဆစ်ကြား အရိုးပြား ချော်ထွက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

၂။  လမ်းပုံမှန်လျှောက်ပါ။
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ၊ လမ်းလျှောက်တဲ့အခါ ကြွက်သားတွေကို ဆန့်ထုတ်သလိုဖြစ်စေလို့ ကျောရိုးကို မတ်စေပြီး ပျော့ပျောင်းစေပါတယ်။

၃။  ခေါင်းအုံးအနိမ့်အမြင့် သေချာရွေးပါ။
အိပ်တဲ့အခါ ပုံစံမှန်တာကလည်း ကျောရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မမြင့်လွန်း မနိမ့်လွန်းတဲ့ ခေါင်းအုံးနဲ့ အိပ်မှသာ ကျောရိုးကို မထိခိုက်နိုင်မှာ ဖြစ်ပါတယ်။

၄။  နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်ပါ။
နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာလည်း အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆံ၊ နို့နှင့်နို့ထွက်ပစ္စည်းများ စတာတွေကို များများစားပေးဖို့ လိုပါတယ်။
ဒါ့အပြင် ရေကူးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း စတဲ့ အလေ့အကျင့်တွေကလည်း ကျောရိုးကျန်းမာရေးကို ကောင်းမွန်စေဖို့ ကူညီနိုင်တဲ့ အလေ့အကျင့်တွေဖြစ်လို့ လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)

Osteocare 2

(Zawgyi)

ေက်ာ႐ိုးမႀကီးဟာ ခႏၶာကိုယ္အတြက္ အေရးအႀကီးဆုံး အစိတ္အပိုင္းေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာအဖြဲ႕အစည္းက ခႏၶာကိုယ္ရဲ႕ အာ႐ုံခံစားမႈကို ဦးေႏွာက္ဆီသို႔၊ တံု႔ျပန္မႈကို ဦးေႏွာက္ကေန ခႏၶာကိုယ္ဆီသို႔ အျပန္အလွန္ ေပးပို႔ဆက္သြယ္ရာမွာ အာ႐ုံေၾကာမႀကီးကေနတစ္ေလွ်ာက္ ေပးပို႔ဆက္သြယ္ပါတယ္။
ဒီအာ႐ုံေၾကာမႀကီးက ေက်ာ႐ိုးမႀကီးရဲ႕ အေပါက္ေလးေတြကတစ္ဆင့္ ျဖတ္သန္းသြားတာျဖစ္တဲ့အတြက္ ေက်ာ႐ိုးမႀကီးကို တစ္စုံတစ္ခု ထိခိုက္မိတာနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ အာ႐ုံခံစားမႈေတြ၊ တံု႔ျပန္မႈေတြ ပ်က္စီးကုန္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာ႐ိုးမႀကီးအေနနဲ႔ ခႏၶာကိုယ္ကို တျခားေသာအကူအညီေတြလည္း ေပးပါေသးတယ္။
ေက်ာ႐ိုးမႀကီး ရွိေနတဲ့အတြက္ သင့္ခါးဟာ ကုန္းတာ၊ လွည့္တာ စတာေတြ လုပ္လို႔ရတာ ျဖစ္ပါတယ္။ ေက်ာ႐ိုးမႀကီးကို ထိခိုက္မိရင္ေတာ့ ဒါေတြ ေကာင္းေကာင္းလုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ လမ္းေလွ်ာက္တာ၊ ထိုင္တာ၊ လည္ပင္းလႈပ္ရွားမႈေတြကိုပါ ထိခိုက္ႏိုင္ပါတယ္။
အစာေရမ်ိဳႁပြန္က ေက်ာ႐ိုးနဲ႔အၿပိဳင္ တည္ရွိေနတဲ့အတြက္ ေက်ာ႐ိုးကို ထိခိုက္တဲ့အခါ အစာေရမ်ိဳႁပြန္ကို ဖိမိတာ၊ ထိုးမိတာမ်ိဳးေတြျဖစ္ႏိုင္ၿပီး အစားမစားႏိုင္ေတာ့တဲ့ထိ ျဖစ္ေစႏိုင္ပါတယ္။ ပုံစံမမွန္တဲ့လႈပ္ရွားမႈေတြ၊ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကလည္း ေရရွည္မွာ ေက်ာ႐ိုးကို ထိခိုက္ေစႏိုင္ပါတယ္။ ေက်ာ႐ိုးပ်က္စီးျခင္းက သင့္ခႏၶာကိုယ္ကို ကိုယ့္စိတ္အတိုင္း မလႈပ္ရွားေစႏိုင္တဲ့အတြက္ သင့္ဘဝေပ်ာ္႐ႊင္မႈကိုပါ အေႏွာင့္အယွက္ေပးတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေက်ာ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳမယ့္ အေလ့အက်င့္ေလးေတြကို ဆက္လက္ေဖာ္ျပေပးလိုက္ရပါတယ္။

၁။  အေလးအပင္မတဲ့အခါ သတိျပဳပါ။
အေလးအပင္မတဲ့အခါ ခါးမတ္ၿပီး ဒူးကိုေကြးကာ မ,ရပါတယ္။ ဒီလိုမဟုတ္ဘဲ ခါးကုန္းၿပီး မတဲ့အခါ ျပန္အထမွာ ေက်ာ႐ိုးဆစ္ေတြ ထိခိုက္တာ၊ ေက်ာ႐ိုးဆစ္ၾကား အ႐ိုးျပား ေခ်ာ္ထြက္တာ စတာေတြ ျဖစ္ႏိုင္ပါတယ္။

၂။  လမ္းပုံမွန္ေလွ်ာက္ပါ။
လမ္းေလွ်ာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါပဲ၊ လမ္းေလွ်ာက္တဲ့အခါ ႂကြက္သားေတြကို ဆန႔္ထုတ္သလိုျဖစ္ေစလို႔ ေက်ာ႐ိုးကို မတ္ေစၿပီး ေပ်ာ့ေပ်ာင္းေစပါတယ္။

၃။  ေခါင္းအုံးအနိမ့္အျမင့္ ေသခ်ာေရြးပါ။
အိပ္တဲ့အခါ ပုံစံမွန္တာကလည္း ေက်ာ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။ မျမင့္လြန္း မနိမ့္လြန္းတဲ့ ေခါင္းအုံးနဲ႔ အိပ္မွသာ ေက်ာ႐ိုးကို မထိခိုက္ႏိုင္မွာ ျဖစ္ပါတယ္။

၄။  ေန႔စဥ္စားေသာက္မႈပုံစံကို ဂ႐ုစိုက္ပါ။
ေန႔စဥ္စားေသာက္တဲ့ အစားအစာေတြထဲမွာလည္း အ႐ိုးက်န္းမာေရးကို အေထာက္အကူျဖစ္ေစမယ့္ ဟင္းသီးဟင္းရြက္၊ အသီးအႏွံ၊ အေစ့အဆံ၊ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား စတာေတြကို မ်ားမ်ားစားေပးဖို႔ လိုပါတယ္။
ဒါ့အျပင္ ေရကူးျခင္း၊ ေဆးလိပ္ျဖတ္ျခင္း၊ အိပ္ေရးဝဝအိပ္ျခင္း၊ ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ျခင္း၊ ကိုယ္အေလးခ်ိန္ထိန္းျခင္း၊ စိတ္ဖိစီးမႈေလွ်ာ့ခ်ျခင္း စတဲ့ အေလ့အက်င့္ေတြကလည္း ေက်ာ႐ိုးက်န္းမာေရးကို ေကာင္းမြန္ေစဖို႔ ကူညီႏိုင္တဲ့ အေလ့အက်င့္ေတြျဖစ္လို႔ လုပ္ေဆာင္သင့္ပါေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ေဒါက္တာေအာင္ (www.drmyanmar.com)