/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာမကြေခြင်း

အစာမကြေခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစားတွေ အလွန်အကျွံ စားရင်၊ အရမ်း မြန်မြန်ကြီးစားရင် (သို့) ကိုယ်နဲ့မတည့်တဲ့အရာတွေကို စားမိရင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။

          တစ်ခါတလေ အစာမကြေတာနဲ့အတူ ရင်ပူတာပါ တွဲဖြစ်လေ့ရှိပါတယ်။ ရင်ပူတာကတော့ နှလုံးပြဿနာကြောင့် မဟုတ်ဘဲနဲ့ အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်တက်လို့ပါ။

          စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေကြောင့်လည်း အစာမကြေတာကို ပိုဆိုးစေပါတယ်။

          အစာအိမ်အနာဖြစ်ခြင်းလိုမျိုး အစာခြေပြဿနာတွေကြောင့် အစာမကြေတာ၊ ရင်ပူတာတွေကို ဖြစ်စေနိုင်ပေမယ့်လည်း ဒါက ကလေးတွေမှာ အဖြစ်နည်းပါတယ်။

          ဒီတော့ ရင်ပူတာအပြင် အစာမကြေတာကိုပါ ခံစားနေရတယ်ဆိုရင် အောက်ပါလက္ခဏာတွေလည်း ရှိနိုင်ပါတယ်။

●        ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း (သို့) ပူခြင်း အထူးသဖြင့် အလယ်မှာ အဖြစ်များပါတယ်။

●        ပျို့ခြင်း

●        ဗိုက်ပြည့်ဗိုက်ကယ်ဖြစ်ခြင်း

●        လေတက်ခြင်း

 

>>    ဘယ်လိုဆိုရင် ဆရာဝန်သွားပြမလဲ?

          အများအားဖြင့်တော့ အစာတွေ အများကြီးစားလိုက်ပြီးရင် ခဏတာ အစာမကြေဖြစ်တတ်ပါတယ်။

          ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေပဲစား၊ လေ့ကျင့်ခန်းလုပ်၊ အိပ်ရေးလည်း ဝဝအိပ်ရက်သားနဲ့ အစာမကြေ ဖြစ်တယ်ဆိုရင်တော့ ဆရာဝန် သွားပြသင့်ပါတယ်။

          အစာမကြေတာက အစာခြေလမ်းကြောင်းပြဿနာ တစ်ခုခုကြောင့်လားဆိုတာကို အဖြေရှာဖို့အတွက် လိုအပ်တဲ့ ဓာတ်မှန်ရိုက်တာနဲ့ အခြားစစ်ဆေးမှုတွေကို လုပ်ရပါမယ်။

Kremil-S 1

>>    အောက်ပါလက္ခဏာတွေ ဖြစ်လာရင် ဆရာ၀န်နဲ့ တိ်ုင်ပင်ဆွေးနွေးပါ။

●        အန်ခြင်း (အထူးသဖြင့် အန်တဲ့အထဲမှာ သွေးပါရင်)

●        ကိုယ်အလေးချိန် ကျလာတယ်လို့ထင်ရင်

●        တစ်ရက်ထက် ပိုပြီးတော့ အစာစားချင်စိတ်မရှိရင်

●        အသက်ရှူ မြန်လာရင်

●        အကြောင်းအရင်းမရှိ ချွေးထွက်ရင်

●        ဗိုက်နာတာက မပျောက်ဘဲန ဲ့ပိုဆိုးလာရင်

●        ဝမ်းမည်းမည်းသွားရင် (သို့) ဝမ်းထဲမှာ သွေးပါရင်

 

>>    ကာကွယ်ခြင်း

          တချို့လူတွေက ဘာစားစား အစာမကြေဖြစ်တာမရှိဘဲ အဆင်ပြေပေမယ့်လည်း တချို့ကျတော့ အဆင်မပြေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒီလို ကိုယ်နဲ့အဆင်မပြေတဲ့ အစားအစာတစ်ခုခုက သတိထားမိရင် ဒါကို အများကြီးမစားပါနဲ့။ ဖြစ်နိုင်ရင် လုံးဝမစားဘဲ ရှောင်ပါ။ ဒါ့အပြင် တစ်ခါစားရင် အများကြီးစားမယ့်အစား နည်းနည်းနဲ့ မကြာခဏစားပေးပါ။ အောက်ပါအချက်လေးတွေကလည်း အစာမကြေ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။

●        အကြော်တွေ၊ ဘာဂါတွေလိုမျိုး အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

●        ချောကလက် အများကြီး မစားပါနဲ့။

●        ဖြည်းဖြည်းချင်း ဝါးစားပါ။

●        ဆေးလိပ် မသောက်ပါနဲ့။

●        စိတ်ပြေလက်ပျောက်ရှိစေမယ့် နည်းလမ်းတွေရှာပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။

●        စားပြီးရင် ခန္ဓာကိုယ်ကို အစာခြေချိန်လေးတော့ ပေးပါ။ အစားတွေ အများကြီးစားပြီး ချက်ချင်းကြီး အားကစားလုပ်တာမျိုး မလုပ်ပါနဲ့။ အနည်းဆုံး လေ့ကျင့်ခန်း၊ အားကစား မလုပ်ခင်နဲ့လုပ်ပြီး တစ်နာရီလောက် ခွာပြီး စားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Kremil-S 2

(Unicode)





Dr. Mya Myo Myo Swe (www.drmyanmar.com)