အစာအိမ်ကင်ဆာ
‼️ အစပိုင်းတွင် အစာအိမ်အနာနှင့် မကွဲပြား
‼️
----------------------
အစာအိမ်ကင်ဆာရောဂါဟာ စဖြစ်ခါစဆိုရင် အစာအိမ်အနာရောဂါရဲ့ လက္ခဏာတွေလိုဘဲ ဗိုက်အောင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေတက်ခြင်း တို့ ဖြစ်တတ်ပါတယ်.
‼️ ရောဂါရင့်လာပါက သွေးဆုံးရှုံးမှုများဖြစ်တတ်
‼️
-----------------------
ရောဂါရင့်လာပြီဆိုရင်တော့ သွေးအန်တာ၊ သွေး၀မ်းသွားတာ၊ ဗိုက်ပေါ်မှာ အလုံးအကျိတ်သိသိသာသာပေါ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်...
❓ ဒီ အစာအိမ်ကင်ဆာဟာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?
❓ အစာအိမ်ကင်ဆာ ဖြစ်နေတာ ဟုတ်/မဟုတ် ဘယ်လို စမ်းသပ်နိုင်သလဲ?
❓ အစာအိမ်ကင်ဆာ မဖြစ်အောင် ဘယ်လို နေထိုင်မလဲ?
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ Dr. ဒေါ်ခင်စန်းအေးက Dr Myanmar ကျန်းမာရေး ၀က်ဘ်ဆိုက်ရဲ့ " အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ" အစီအစဉ်ကတဆင့် အခုလို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
ဒီ Program ကို ၀မ်းပျက်၊ ၀မ်းလျှောသူတိုင်း သောက်သုံးနိုင်တဲ့ "Normagut" မှ အားဖြည့်ကူညီပေးထားပြီး အပတ်စဉ် သောကြာနေ့တိုင်း Dr Myanmar Website နဲ့ Facebook တို့မှတဆင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။






























